Monday, 22 July 2013

Google wallet နဲ့ အရာအားလုံး ပြီးမြောက်စေမယ်



"ကျွန်တော်တို့တွေရဲ့ မကြာတော့မယ့် အနာဂတ်မှာ ဖုန်းတစ်လုံးက လွဲပြီး ဘာမှ ယူစရာမလိုဘဲ အိမ်အပြင်ထွက်လို့ ရတော့မယ်" ။ အဲဒါကတော့ ဂူဂယ်ကုမ္ပဏီက ပြောလိုက်တဲ့ အနာဂတ်အတွက် အမြင်ပါ။

"ကျွန်တော်တို့ ယုံကြည်နေပါတယ်။ တစ်နေ့နေ့မှာ အိမ်ကနေ အလုပ်ကို ဖြစ်ဖြစ် ဈေးကိုဖြစ်ဖြစ် တစ်နေရာရာကို လက်ကိုင်ဖုန်း တစ်လုံးတည်း ကိုင်သွားပြီး ထွက်သွားလို့ရမယ်လို့ ကျွန်တော် အသေအချာကို မျှော်လင့်ထားပါတယ်လို့ ..." ဂူဂယ် အိမ်ဆောင်ထုတ်ကုန် မန်နေဂျာ Marc Freed-Finnegan က ပြောလိုက်ပါတယ်။

အပြင်တစ်ခါသွားရင် လိုအပ်မယ့် အရာအားလုံးဖြစ်တဲ့ စာရွက်စာတမ်း၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အရာတွေ ဒါမှမဟုတ် သတ္တုတစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ အရာတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ တစ်စုတစ်ဝေးတည်းဖြစ်အောင် smart phone က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဂူဂယ်က ဆိုလိုတာကတော့ မိုဘိုင်းဖုန်းကိုပဲ ခရက်ဒစ်ကဒ်၊ ယာဉ်မောင်း လိုင်စင်၊ ထရန်စစ်ကဒ်၊ စတိုးဆိုင်တွေက ပေးတဲ့ ကူပွန်ကဒ်တွေ၊ အိမ်သော့၊ ဟိုတယ်သော့ မှတ်ပုံတင် စတာတွေအပြင် အခြားသော မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ တော်တော်များများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေ တကယ်ဖြစ်နိုင်မလားဆိုတာကတော့ smart phone တွေရဲ့ တိုးတက်လာမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။

၂၀၀၇ မှာ ပထမဦးဆုံးပေါ်ခဲ့တဲ iPhone ကို နည်းပညာရှင်တွေက ပထမဦးဆုံးသော အိပ်ဆောင် ကွန်ပျူတာ Smart Phone စစ်စစ်လို့ သတ်မှတ်ကြပါတယ်။

Smart phone တွေဟာ အခုဆိုရင် GPS များ၊ လက်ကိုင်ဂိမ်းစက်များ၊ အိမ်သုံး ကင်မရာများ၊ ပြက္ခဒိန်၊ မှတ်စုစာအုပ်၊ သတင်းစားများ နဲ့ နားကြပ်ကက်ဆက်တွေ နေရာမှာ အစားထိုး ၀င်လို့လာပါတယ်။ လက်ကိုင်အိတ်ထဲမှာ တပွေ့တပိုက် ထည့်ထားရမယ့် စာတွေ တော်တော်များများဟာ smart phone ထဲကို ရောက်သွားပါပြီ။

ကျွမ်းကျင်သူတွေ အပြောအရ ဖုန်းတွေက ဘယ်လောက်အထိ ပြည့်စုံလာစေမလဲဆိုရင်၊ တကယ်လို့ မနက်ပိုင်းထွက်မယ့် ခင်ဗျား စီးမယ့်လေယာဉ်က အကြောင်းကြောင်းကြောင့် နောက်ကျနေတယ် ဆိုရင်၊ ခင်ဗျားရဲ့ ဖုန်းမှာပါတဲ့ နှိုးစက်နာရီက ခင်ဗျားကို နောက်ကျပြီးမှ နှိုးပေးမှာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကိုတော့ Apples ရဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ humble personal assistant ကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တယ်ဆိုတာ မြင်သာနေပါတယ်။

ဖုန်းထုတ်လုပ်နေတဲ့ နည်းပညာရှင်တွေကလည်း ဘယ်လောက်အထိ ကြိုးစားနေသလဲဆိုရင် ဖုန်းတစ်ခုလုံးကို အင်္ကျီတွေထဲမှာ တည်ဆောက်ထားပြီး ဖုန်း စခရင် ကိုတော့ ခင်ဗျားရဲ့ အသားပေါ်မှာ ထားနိုင်အောင် လုပ်ဆောင်ပါတယ်။ ဒါကတော့ နည်းနည်း အလှမ်းဝေးသေးတဲ့ အနာဂတ်တစ်ခုပါ။ သေချာတာကတော့ အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့၊ ကိုယ်နဲ့ မကွာထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ ရှိစေဖို့တွေကို ဦးတည်နေတာ ဖြစ်ပါတယ်။



မိုဘိုင်းဖုန်းတွေဟာ တကယ့်ကိုပဲ လူသားတွေရဲ့ လူမှုနေထိုင်မှု ဘ၀အချက်အချာ ဖြစ်လာနေတယ်လို့ မန်နေဂျာ Freed-Finnegan ပြောပါတယ်။ ကွန်ပျူတာ အသေးစားလေးကို သယ်ဆောင်သွားတာနဲ့ ခင်ဗျား လုပ်ချင်တဲ့အရာ တော်တော်များများကို အဲဒါလေးနဲ့ပဲ အကုန်လုပ်ယူလို့ရတယ်လို့ ဆိုပါတယ်။

အိတ်ဆောင် စမတ်ဖုန်းတွေကို ကိုရီးယားနဲ့ ဂျပန်က လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ အမေရိကမှာတော့ သူပြောငါပြော စကားတွေထဲမှာပဲ ရှိနေသေးတာပါ။

ဒါပေမဲ့ ဂူဂယ် ဆော့ဝဲ တစ်ခုဖြစ်တဲ့ Nexus S smartphones ကို Sprint's network မှာ မကြာခင်က ဖြန့်ချီလိုက်တဲ့အခါမှာတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ Nexus S smartphone က နောင်တစ်ချိန်မှာ တကယ့်ကို ဘာတွေ ဆက်ဖြစ်လာမလည်းဆိုတာကို ချပြလိုက်တဲ့ အသေးစား ပြယုဂ်လေး တစ်ခုပါလို့လည်း ဆိုပါသေးတယ်။

အခု Smart Phone က ဘာတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ နည်းနည်း ဆက်ကြည့်လိုက်ရအောင်။

ကုန်ပစ္စည်းတစ်ခု ၀ယ်တာကို ခရက်ဒစ်ကဒ် မထုတ်ဘဲ ဖုန်းကို ထုတ်လိုက်မယ်။ ပြီးတော့ NFC Reader software (စတိုးဆိုင်တော်တော်များများမှာတော့ PayPass လို့ခေါ်တဲ့ သေးငယ်တဲ့ Radio-wave icon လေးတွေကို ဈေးနှုန်းကဒ်တွေမှာ ထည့်ထားပါတယ်) ကိုဖွင့်လိုက်မယ်။ ငွေချေဖို့ အတွက် ကုန်ပစ္စည်းကုဒ်ကို မှတ်ထားလိုက်မယ်။ လုံခြုံရေးအတွက်တော့ Security PIN ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

Google Wallet က အခုလောလောဆယ်မှာတော့ Citi MarterCard တစ်ခုနဲ့ပဲ အလုပ် လုပ်ပါသေးတယ်။ နောက်ပြီး Prepaid card ထဲကို ခင်ဗျားဘဏ်ထဲက ဒါမှမဟုတ် ခရက်ဒစ်ကဒ် အကောင့်ထဲက ပိုက်ဆံကို ထည့်ထားလို့ရပါသေးတယ်။

နည်းပညာရှင်တွေ အပြောကတော့၊ သမားရိုးကျ အရောင်းအ၀ယ် ၀န်ဆောင်မှုတွေက ခက်ခဲ ရှုပ်ထွေးလို့၊ တခြား နည်းပညာအသစ် တစ်ခုနဲ့ ငွေပေးချေရေး ၀န်ဆောင်မှုတွေ မြန်ဆန် လွယ်ကူစေဖို့အတွက် အဲဒါကို အစားထိုး စမ်းသပ် အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အခုဆိုရင် Google Wallet ဒါမှမဟုတ် တခြား Digital Wallet တစ်ခုခုဟာ ခင်ဗျားရဲ့ ပိုက်ဆံအိတ်တွေ နေရာမှာ အစားထိုးဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီ Phone-wallet နည်းပညာဟာ အနာဂတ် မိုဘိုင်းများအတွက် အရေးပါလာသလို၊ လူအားလုံး လက်ခံ အသုံးပြုဖို့ လွယ်ကူတဲ့အရာလည်း ဖြစ်လာပါတော့မယ်။

ဂူဂယ်က ပြောတာကတော့ Google Wallet ကို ဆက်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်တဲ့။ မိုဘိုင်းဖုန်းက loyalty cards တွေ digital coupons တွေကို သိမ်းစည်းထားနိုင်ပြီး တစ်ချက်ကလေး ကလစ်လိုက်တာနဲ့ ကုန်စုံဆိုင်က ပေးတဲ့ discounts တွေကော လျှော့ဈေးတွေကိုပါ ရမှာဖြစ်ပြီး တစ်ဆက်တည်းပဲ ငွေပါ ပေးချေပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ရည်ရှည်မှာတော့ မှတ်ပုံတင်ကဒ်တွေ တံခါးသော့ကဒ်တွေကအစ အရာအားလုံးကို ဖုန်းထဲ ထည့်ထားနိုင်ပါလိမ့်မယ်။ အခုဆိုရင် ဖုန်းထဲက NFC chip က တံခါးတွေ ဖွင့်ပြီး၊ မှတ်ပုံတင် (ID) စစ်ဆေးဖို့တွေ လုပ်နိုင်နေပါပြီ။ (လောလောဆယ်တော့ google wallet က သိပ်ပြီးတော့ နာမည် မကြီးသေးပါဘူး၊ အမေရိကန်က smart phones ဖြစ်တဲ့ Google Nexus S နဲ့ တခြား BlackBerry မော်ဒယ် နှစ်ခုမှာတော့ NFC chip က ပါနေပါပြီ။)

ဥပမာ ဟိုတယ် တံခါးသော့ အတွက် ဆိုပါတော့။ ဟိုတယ် စာရေးက ဧည့်သည်ရဲ့ ဖုန်းထဲကို check-in ၀င်တဲ့အချိန်မှာ key permission ကို တံခါးသော့ဖွင့်နိုင်ဖို့အတွက် ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် ဖုန်းကို ဟိုတယ် အခန်းတံခါး သော့နားကို ကပ်လိုက်တာနဲ့ တံခါးက ပွင့်သွားမှာ ဖြစ်ပါတယ်။

အဲလိုဖြစ်ဖို့အတွက် digital lock တွေ လုပ်တဲ့ အလုပ်ရုံတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ hardware တွေကို standards တစ်ခု သတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။ မှတ်ပုံတင်တွေ ကားမောင်းလိုင်စင်တွေ အတွက်ကတော့ သက်ဆိုင်ရာ အစိုးရဌာနက လက်ခံဆောင်ရွက်မှ ဖြစ်လာမှာပါ။

ဒါပေမဲ့ အဲဒီအရာတွေ အားလုံးကတော့ မကြာခင်ချိန်မှာ တကယ်ဖြစ်လာမှာပါလို့ ဂူဂယ် အိတ်ဆောင် ကွန်ပျူတာ ထုတ်လုပ်ရေး မန်နေဂျာ Freed-Finnegan က ပြောထားပါတယ်။

ကိုဘလိတ်

Source: CNN

LINUX ပြောင်းသုံးဖို့ အဆင်သင့်ဖြစ်ပြီလား

ကိုဘလိတ်



လူတိုင်း ကိုယ့်ကွန်ပျူတာမှာ Opeation System ကိုတင်ရင် လွယ်လွယ်ကူကူ အခက်အခဲမရှိ ကျေကျေနပ်နပ် အောင်မြင်သွားတယ် ဆိုတာ မရှိသလောက်ပါပဲ။ ပြဿနာ တစ်ခုမှတစ်ခုနဲ့ အမြဲတမ်းကြုံတွေ့ရပါတယ်။

များသောအားဖြင့် အိမ်သုံးကွန်ပျူတာဆိုတာကလည်း Microsoft Windows ကြောင့်ပဲ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပြီး သူကပဲ ဈေးကွက် တော်တော်များများကို ပိုင်ဆိုင်ထားတယ်လေ။ ဒါကြောင့်ပဲ ကွန်ပျူတာဆိုရင် လူတိုင်းက Windows နဲ့ တွဲမြင်ကြပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ အခုဆိုရင် တဖြည်းဖြည်းနဲ့ LINUX Operation System ကို ပြောင်းသုံးလာနေကြပါပြီ။ ကဲ ဒါဆိုရင် ကျွန်တော်တို့ကော ပြောင်းသုံးဖို့ အဆင်မပြေနိုင်ဘူးလား။ ပြောင်းသုံးဖို့ အချိန်တန်ပြီလား ဆိုတာ ဆက်ကြည့်ရအောင်။

၁။ ဆော့ဝဲတွေ အတွက်ပိုက်ဆံပေးနေတာတွေက စိတ်ညစ်စရာပါ။

မနက်အိပ်ရာထတိုင်း Operation System အတွက်ပိုက်ဆံပေးထားရတယ်။ Antivirus အတွက် ပိုက်ဆံပေးထားရတယ်။ ကိုယ့်စက်လေး အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေဖို့အတွက် Virus update ကို Install လုပ်ရပြီ။ အသုံးပြုရတာ အဆင်ပြေသလား စဉ်းစားကြည့်ပါ။ ကြာလာတာနဲ့အမျှ ဘာအတွက် ဘာကြောင့်ရယ် စက်ကလေးနေမှန်းမသိဘူး။ ဘာပြဿနာတွေကြောင့်လည်း အဖြေရှာမရဘူး။ အဲဒီအတွက် bugs တွေကို သက်ဆိုင်ရာ ဆော့ဝဲကုမ္ပဏီတွေက အဖြေရှာပေးနေပါတယ်။ ပြုပြင်ပေးနေပါတယ်။

ဒါပေမဲ့ ဘယ်တော့ ရမယ်တော့မသိရပါဘူး။ Pirate တင်ထားတယ်ဆိုရင်လည်း ဘယ်အချိန်များ လူရှေ့သူရှေ့စက်ဖွင့်ရင် အဖမ်းခံရမလည်းပေါ့။ Linux ကျတော့ကော အချိန်နဲ့အမျှ ၁၀၀ ရာခိုင်နှုန်း အခမဲ့ ဆော့ဝဲလ် တွေကို မရေမတွက်နိုင်တဲ့ Developer တွေက ထုတ်လုပ်ပေးနေတယ်လေ။ ဘယ်နေရာဖွင့်သုံးသုံး အဆင်ပြေနိုင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမယ်။ ကျီးလန့်စာစား မဖြစ်ဘူးပေါ့။

၂။ Hardware အသစ်တွေ အမြဲတမ်းလိုနေမယ်။

RAM များများမှ၊ CPU မြင့်မြင့်မှ ဆိုတာမျိုးပေါ့။ Windows က Hardware ကောင်းကောင်းလိုချင်တယ်လေ။ ကြုံဖူးမှာပါ။ စာလေး တစ်ပုဒ်ရိုက်ဖို့အရေး Microsoft word ကိုဖွင့်ထားခဲ့ပြီး ကော်ဖီသွားဖျော်တာမျိုးလေ။ ပြန်လာတာနဲ့ အသင့်ပွင့်နေမှာပေါ့။

၃။ Malware အတွက်စိတ်ညစ်နေတာလား။

p4 စက်အဟောင်းလေး တစ်လုံးရှိတယ်ပေါ့။ Xp နဲ့သုံးတယ်။ လေးလေးလာပြန်ပြီ။ ဘယ်သတ္တ၀ါတွေက စက်ထဲဝင်ပြီးနှိပ်စက်နေလည်း မသိဘူး။ ဆိုတဲ့အသံတွေ အမြဲကြားကြားနေရတယ်မဟုတ်လား။

ဒါပေမဲ့ စိတ်တော့သိပ်မပူပါနဲ့။ Microsoft က permissions system တွေက ပိုကောင်းအောင် လုပ်ထားတယ်လို့သိရပါတယ်။ Linux မှာတော့ Old hardware နဲ့အသုံးပြုလို့ရမယ့် Hardware resource အများကြီးမလိုတဲ့ GUI (Graphical User Interface) တွေ နှစ်ခုသုံးခုရှိပါတယ်။

၎။ Service patch သွင်းပြီးလို့ ပျော်နေတာလား။

ကဲ.. အရင်တစ်ပတ်က Service patch ကို install လုပ်ပြီးလို့ စိတ်ချရပါပြီဆိုရင် အဲဒီဟာမတိုင်ခင် ဘယ်အချိန်ကတည်းက ကိုယ့်စက်ကို ဒုက္ခပေးနေတာလဲ။ ကိုယ့်စက်ထဲကို ဘယ်မသာမာသူတွေက ဘယ်နှစ်ကြိမ်လောက် ၀င်ထွက်သွားလာပြီးပြီလဲ။

၅။ အချိန်တွေပိုနေလို့လား။

လူတော်တော်များများက virus scanning နဲ့ defragmenting တွေ အချိန်တွေ အများကြီး ပေးထားရတာကို မနှစ်မြို့ကြဘူးလေ။ အဲဒီတွေလုပ်နေတဲ့အချိန်မှာ ကျန်တာသုံးလို့မရသလောက်ကို ထိုင်စောင့်နေရတယ်လေ။ တကယ်ပဲ ကျွန်တော်တို့ အဲဒီအချိန်မှာ တခြားလုပ်စရာတွေမရှိတာ သေချာရဲ့လား။

၆။ မြန်မြန်ဆန်ဆန် အလုပ်ဖြစ်ချင်တယ်။

Windows boot speed ကမြန်လာပြီလို့ ပြောကြပါတယ်။ booting လုပ်နေတုန်းလေး ကော်ဖီဖျော်ချိန် ရတယ်လေ။

၇။ ဖိုင်တွေတစ်ယောက်နဲ့တစ်ယောက်ဖြန့်ဝေမယ်

တကယ်လို့ ဘာလင်က စီးပွားရေးအဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်လို့ သူတို့က .ODP format (နိုင်ငံတစ်ကာသုံး ဖိုင်အမျိုးအစား) ဖိုင် ကို ပို့ပြီဆိုပါတော့။ PowerPoint က အဲဒီဖိုင်ကိုဖွင့်ရင် ကောင်းကောင်း အလုပ်မလုပ်ပါ။

၈။ Internet Explorer (IE) ကို တကယ်မကြိုက်တာ သေချာတယ်။

အင်တာနက် သုံးမယ်ဆိုရင် Web browser တစ်ခုခုကို တော့တင်သုံးမယ်လေ။ IE ကိုတော့ အဲဒီ web browser ဒေါင်းလုပ်လုပ်တဲ့ အချိန်သုံးမယ်ပေါ့။

၉။ ကိုယ့်စက်ကို ကိုယ့်ကိုယ်တိုင် control လုပ်ချင်တယ်။

ကွန်ပျူတာ ပြဿနာ အသေးအမွှားလေးတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းချင်တယ်လေ။ Microsoft က နောက်ထွက်မယ့် Version မှာ ပြင်ပေးမှာကို စောင့်မနေချင်ဘူး။

၁၀။ အပေါ်ကအချက်တွေနဲ့ မကိုက်ညီတာတွေ ရှိပါသလား။

ရှိတယ်ဆိုရင်လည်း တစ်ခုနှစ်ခုပေါ့ဗျာ။ ဒါဆို ကျွန်တော်တို့ တစ်ခြားနည်းရွေးလို့မရနိုင်ဘူးလား။ Linux မှာ ချစ်စရာကောင်းတဲ့ ကိုယ်စိတ်ကြိုက် ပြုပြင်လို့ရတာတွေကို Windows က ဘယ်တော့မှာ လိုက်မှီမှာမဟုတ်ပါဘူး။ ဒါကိုလည်း လူတိုင်းနီးပါး သိပါတယ်။

Linux က အကုန်လုံးအဆင်ပြေမှာလားဆိုတော့လည်း အကုန်လုံးရယ်လို့တော့ အသေအချာမဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ Windows မှာထက်ပိုကောင်းမှာပါ။

ကဲ ... ဒါဆိုရင် စာဖတ်သူတို့ရော Linux ပြောင်းသုံးကြည့်ဖို့ အချိန်ကျနေပြီလားဗျာ။

အခုဖော်ပြအပ်သော Linux နှင့် သက်ဆိုင်သော Post များသည် End User များအတွက်သာဆိုလိုပါသည်။ Professional များ (အထူးသဖြင့် မာတီမီဒီယာ) အတွက်မဟုတ်ပါ။

Ubuntu 11.10 ဘယ်လိုတင်မလည်း ဒီမှာ ဖတ်ပါ။

source: techrepublic


နေ့တိုင်းနီးပါး သုံးရမယ့် Linux command ၁၀ ခု

top-ten-linux-command

လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။

/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့ ၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀ ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။

ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။ (cd,ls,rm,etc... (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။

၁၊ top

"top" ကတော့ အခုလက်ရှိဘာတွေ လုပ်နေလည်း၊ ဘယ် ပရိုဂရမ်တွေ ဖွင့်ထားလည်း၊ ဘယ်ဟာက RAM ဘယ်လောက်သုံးနေလည်း၊ စက်ရဲ့ RAM က ဘယ်လောက်ရှိလည်းဆိုတာတွေအကုန် ပြနေပါလိမ့်မယ်။ တစ်ခုခု အသစ် ဖွင့်လိုက်တိုင်းလည်း အဲဒီ list ထဲမှာ ပြနေမှာပဲ ဖြစ်ပါတယ်။

"top" က သင့်ကို အချိန်နဲ့ တစ်ပြေးညီ သင့်စက် ဘာတွေ လုပ်နေလည်း ဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ (#top) ကိုရိုက်လိုက်ရင် အခု လက်ရှိ ကွန်ပြူတာက လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးပြပါလိမ့်မယ်။ root က ဘာတွေ လုပ်နေလည်း၊ User က ဘာတွေလုပ်နေလည်း စသည်ဖြင့်။ ဘယ် user က ဘယ် ပရိုဂရမ်ကို အသုံးပြုနေလည်း ဆိုတာကိုလည်း (#top -u username) အားဖြင့် User တစ်ယောက်ချင်းစီ လုပ်ဆောင်ချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။

GUI မှာတော့ System Monitor လို့ခေါ်ပါတယ်။ Windows မှာတော့ Task Manager ပါ။ GUI မှာတော့ အမြဲတမ်း အရှေ့ဆုံးမှာ focus ဖြစ်နေပါတယ်။ command မှာတော့ minimize လုပ်ထားနိုင်ပါတယ်။

၂၊ ln

bookmark လုပ်တာပါ။ Network ထဲက Folder ကို ဖြစ်ဖြစ်၊ Server က folder တစ်ခုတည်းကို User အများကြီးက သုံးချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ချိတ်ပေးထားနိုင်ပါတယ်။ Network ထဲမှာဆိုရင် လုံခြုံရေးပိုင်း အနေနဲ့လည်း ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ (ဥပမာ Group တစ်ခုလုပ်ထားပြီး အဲဒီ Group ထဲက user တွေကိုပဲ အဲဒီ Folder ကို read/write ပေးလုပ်မယ်ဆိုသလိုမျိုးပေါ့) GUI (nautilus) မှာ တော့ Bookmark ဆိုတာပါပါတယ်။ Windows မှာဆိုရင် Desktop shortcut လုပ်သလိုမျိုးပါ။

၃၊ tar/zip/gzip/unrar/unzip

ဖိုင်တွေကို ခြုံ့လို့ရမယ်။ ခြုံ့ထားတဲ့ ဖိုင်တွေကို ဖြည်မယ်။ Argument တွေ ပြောင်းလိုက်ယုံနဲ့ အလွယ်တကူ ကိုယ်လုပ်စေချင်တာ လုပ်သွားတဲ့ အတွက် အလုပ်ကို လွယ်ကူမြန်ဆန်စေပါတယ်။ GUI နဲ့ဆိုရင်တော့ Right click > Extract here ပေါ့။

၎၊ nano,vi,emacs

command line text editor ပါ။ nano လား၊ vi လား၊ emacs လား၊ အဲဒီစစ်ထဲတော့ ကျွန်တော်မပါချင်ပါဘူး။ ကြိုက်တာသုံးပါ။ ကျွန်တော်ကတော့ nano သုံးပါတယ်။ တော်တော်များများကတော့ ပြောပါတယ်။ nano က အသုံးသိပ်မတည့်ဘူးပေါ့။ လုပ်လို့ရတယ့် function နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက်တော့ အလွန်ရိုးရှင်းနေတာပါ။ Linux စက်တစ်လုံးကို Administration လုပ်မယ်ဆိုရင်တော့ command line text editor တစ်ခုခုကို မဖြစ်မနေ ကိုင်တွယ် အသုံးပြုတတ်နေရပါမယ်။ GUI မှာတော့ Gvim ဒါမှမဟုတ် gedit ရှိပါတယ်။

၅၊ grep

ဒီ command ကတော့ လူကြိုက်တော်တော်များပါတယ်။ ဖိုင်တစ်ဖိုင်ကို လိုချင်သလို ပိုင်းပိုင်း ဖတ်လို့ရတာပါပဲ။ ဥပမာ httpd.conf ဖိုင်ကို ဖတ်မယ် ဆိုပါဆို့။ အဲဒီဖိုင်က စာကြောင်းရေ ၁၀၀၀ ကျော်ရှိတယ်။ အဲဒီဖိုင်ထဲမှာ ဘယ်နေရမှာ "AccessFileName .htaccess" ဆိုတာရှိသလည်းသိချင်တယ်။

စာကြောင်း ၁၅၃ မှာ ရှိပါတယ်ဆိုပါဆို။ ရိုးရိုး ဖတ်မယ်ဆိုရင် ၁၅၃ ကိုရောက်အောင် down arrow ကို ဖိထားရပါတယ်။ ဖိထားယုံနဲ့တော့မရပါဘူး၊ လိုက်ဖတ်နေရအုံးပါမယ်။ grep သုံးကြည့်ရအောင်။ grep -n "AccessFileName .htaccess" /etc/apache2/apache2.conf ဒါဆို terminal မှာ "153:AccessFileName .htaccess" ဆိုပြီး တန်းပြပါလိ့မ်မယ်။ လွယ်ဘူးလားဗျာ။

GUI မှာ gedit နဲ့ဖွင့်ပြီး Search လုပ်လို့ရပါတယ်။

"grep" က တစ်ခြား command တွေနဲ့လည်း piping (|) နဲ့ခံပြီး တွဲသုံးလို့ရပါသေးတယ်။ ဥပမာ တစ်ခုအနေနဲ့ "ps"(လက်ရှိဘာတွေ run နေလည်းဆိုတာကြည့်တာပါ) နဲ့တွဲသုံးကြည့်ရအောင်။ firefox က အလုပ်ကောင်းကောင်းမလုပ်ပဲ hang နေတယ် ဆိုပါတော့။ firefox ရဲ့ PID ကို ကြည့်ပြီးတော့ firefox ကို ပိတ်ပစ်ချင်တယ်။ "ps aux" ရိုက်လိုက်ရင် Run ထားတာတွေ အကုန်ထွက်လာပါလိမ့်မယ်။ အများကြီးထဲကမှ firefox ကိုလိုက်ရှာနေမလား ကြာပါတယ်။ "ps aux|grep firefox" လို့ပြောင်းရိုက်လိုက်ပါ။ firefox's process တစ်ခုတည်း မြင်ရပါလိမ့်မယ်။

GUI မှာ System monitor ကနေ ကြည့်လို့ရပါတယ်။

၆၊ chmod

File/folder တွေကို permissions ပြောင်းတာပါ။ Web tool တော်တော်များများမှာ တိကျတဲ့ permissions လိုပါတယ်။ chmod ကို မသုံးခင် w=write,r=read,နဲ့ x=execute ကို အမှတ်ရနေပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။ Other user အတွက် အကန့်အသတ်နဲ့သာဖြစ်သင့်ပါတယ်။ read only ဒါမှမဟုတ် execute only. GUI (nautilus) မှာ တော့ right click > properties > Permissions

၇၊ dmesg

old-school လို့ ကျွန်တော့်ကို ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် device တစ်ခု Linux စက်မှာ တပ်လိုက်တာနဲ့ dmesg ကို အရင်ဆုံးရိုက်ပါတယ်။ သူက kernel buffer တွေအားလုံးကို ပြပါတယ်။ အရေးကြီးပါတယ်။ သိသင့်သိထိုက် တဲ့ information တွေ ဖြစ်တဲ့ system architecture, gpu, network device, kernel boot options used, RAM totals စသည်ဖြင့်ပါ။

နည်းနည်း trick လေးလုပ်ကြည့်ချင်လား။ tail ခံပြီး ရိုက်ကြည့်ရအောင်။ (dmesg | tail -f) ဒါဆိုရင် နောက် ဆုံး လေးငါးကြောင်း ပြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ထူးခြားတိုင်း (စက်ကို အလုပ်တွေများကြီး ခိုင်းထားတဲ့အချိန် ဒါမှမဟုတ် debugging လုပ်နေတုန်းအချိန်) အဲဒီ လေးငါးကြောင်းမှာပဲ အသစ် အသစ်တွေကို မြင်နေရပါလိမ့်မယ်။

၈၊ kill/killall

အခုဆိုရင် Linux kernel က တော်တော့်ကို stability ဖြစ်နေပါပြီ။ kernel နဲ့ မသက်ဆိုင်တဲ့ တစ်ချို့ ဆော့ဝဲ တွေက တစ်ခါတစ်လေ ကြောင်တတ်ပါတယ်။ အဲဒီအတွက် သူ့ကို ဖျက်ထုတ်ပစ်ဖို့(အဲဒီ ဆော့ဝဲကို restart ပြန်လုပ်ပစ်ဖို့ ရပ်ပစ်ပြီး ပြန်စဖို့) လိုပါတယ်။ အဲဒီအတွက် အမြန်ဆုံးနည်းလမ်းကတော့ "kill" ဒါမှမဟုတ် "killall" နဲ့ လုပ်ပစ်တာပါပဲ။ "kill" နဲ့ "killall" ကွာတာကတော့ kill က PID(process ID number) လိုပြီး၊ killer ကတော့ ဆော့ဝဲ နာမည်လိုပါတယ်။

တစ်ခုလုပ်ကြည့်ရအောင်။ ဥပမာ၊ firefox က hang ဖြစ်နေတယ် ဆိုပါတော့။ firefox ကို ရပ်ပစ်ဖို့အတွက် kill ကို အသုံးပြုပါမယ်။ kill ကို အသုံးပြုမယ်ဆိုရင် PID လိုမယ်။ ဘယ်လိုရမလည်း ဆိုတော့ ps aux|grep firefox နဲ့ ကြည့်ရပါမယ်။ PID ကို ps နဲ့မကြည့်ချင်ဘူးဆိုရင်လည်း killall firefox ဆိုပြီး တန်းရိုက်လို့ရပါတယ်။ ဒါပေမယ့် killall က daemons process (Apache,Samba,etc) တွေကို အလုပ်လုပ်ချင်မှလုပ်ပါမယ်။ GUI မှာတော့ System monitor ကနေ kill process လုပ်လို့ရပါတယ်။

၉၊ man

RTFM "Read the Fine Manual" အဲဒီစကားလုံးကို ဘယ်လောက်များများ သင်တွေ့ဘူးပါသလဲ။ ကျွန်တော့်အတွက်တော့ Linux မှာ Manual ဖတ်နေတာထက် manpages ကို ဖတ်လိုက်တာ ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ "Read the fine Manpages" ပေါ့။ Manpage တွေက ပုံစံတစ်ခုတည်းနဲ့ ရေးထားတာပါ။ တစ်ခုကို နားလည်အောင် ဖတ်ကြည့်ပြီးသွားပြီဆိုရင် နောက် ဘယ်ဟာကို ဖတ်ဖတ် နားလည်လွယ်လာပါလိမ့်မယ်။ command တိုင်းရဲ argument တွေကလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။

အပေါ်ဆုံး နှစ်ကြောင်းသုံးကြောင်းဖတ်လို့နားမလည်းလည်း ကိစ္စမရှိပါဘူး။ ဆက်ကြည့်သွားပါ၊ detail ကို ရှင်းပြထားတာတွေ လည်း ပါပါတယ်။ Linux command တွေကို အလုပ်လုပ်ဖို့အတွက် အကုန်လုံး အလွတ်ကျက်နေစရာ မလိုပါဘူး။ ဘယ်နားရှိမယ်ဆိုတာပဲ သိယုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ manpages တွေကို ဖတ်တတ်အောင် ကြိုးစားပါ။

၁၀၊ mount/umount

removable media တွေ တပ်မယ်၊ ဖြုတ်မယ်ဆိုရင် သုံးပါတယ်။ boot တက်တာနဲ့ တပ်ဆင်ထားတာတွေကိုတော့ /etc/fstab ဖိုင်မှာ ရေးထားပါတယ်။ mount/unmount ကတော့ root privileges(super user) လိုပါတယ်။ mount command ကို ဘာ arugument မှမထည့်ပဲလည်း ရိုက်ကြည့်နိုင်ပါတယ်။ စက်မှာ ဘယ် devices တွေတပ်ထားလည်း ပြလာမှာဖြစ်ပါတယ်။

အထက်ပါ ၁၀ ခုကတော့ Linux administration အတွက် မရှိမဖြစ်လိုတာတွေပါ။ အဲဒါလေးလောက်ပဲ သိထားတာကိုပဲ တော်တော် အကူအညီရနေပါပြီ။ အလုပ်လုပ်ရာမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်စေပါတယ်။ ဒီ ၁၀ ခုတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်ချင်းမတူသလိုပေါ့။ liux server ကိုင်နေတာလား၊ ဒါမှမဟုတ် Linux နဲ့ web developement လုပ်နေတာလား၊ တစ်ကိုယ်ရည် သုံးပဲလားဆိုတာမှာလည်း ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း အဲဒီ ၁၀ ခုထဲက တစ်ဝက် ကျော်ကျော် ကို အမြဲတမ်း အသုံးပြုရပါတယ်။

source:sudobits

Ubuntu 11.10 Install လုပ်ရအောင်

Ubuntu11.10 (Oneiric Ocelot) လွန်ခဲ့တဲ့ တစ်ပတ်တုန်းကထွက်လာပါပြီ။ အခုမှ linux ကို စပြီး အသုံးပြုမယ့်သူ တွေအတွက် ဒီစာက ရည်ရွယ်ပါတယ်။  Ubuntu 11.10 ကို အဆင့်ဆင့်ဘယ်လို Install လုပ်မလည်း ဆိုတာကို ပြထားပါတယ်။

ပြီးတော့ အခုအဆင့်ဆင့်လုပ်ဆောင်မှာတွေကတော့ Linux နဲ့ Windows 7 (XP/Vista ဒါမှမဟုတ် တစ်ခြား တစ်ခုခု Install လုပ်ပြီးသား) နဲ့အတူ Dual Boot ဘယ်လိုလုပ်မလည်းဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်။
အရင်တုန်းက Ubuntu တင်ပြီး ပြဿနာပေါင်းစုံတက်ကာ အဆင်မပြေသူများအတွက်လည်း ရည်ရွယ်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသား Windows ကို အကုန်ဖျက်ပစ်ပြီး Ubuntu တစ်ခုတည်း တင်ချင်သူများအတွက်လည်း ဒီအဆင့်ဆင့်လုပ်ဆောင်ပုံတွေက အတူတူပဲ ဖြစ်ပါတယ်။ တစ်ချို့မတူတဲ့အချက်တွေကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။

Ubuntu 11.10 beta version ထွက်ကတည်းက အံ့သြစရာကောင်းတဲ့ ပြောင်းလည်းမှုတွေ ရှိပါတယ်။ ဥပမာ Unity Desktop လိုမျိုးဟာပါ။ပြီးတော့ အကြီးမားဆုံးပြောင်းလဲမှုကတော့ Gnome 3 ကိုအသုံးပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ Ubuntu မှာ Gnome shell ကိုအလွယ်တစ်ကူ ထည့်လို့ရလာမှာ ဖြစ်ပါတယ်။ (တစ်ချို့သော bugs တွေတော့ ရှိနေတုန်းဖြစ်နေမှာပါ။)

Ubuntu 11.10 အဆင့်ဆင့် Install လုပ်ပုံ

Ubuntu 11.10 ကို Install လုပ်နည်းတွေအများကြီးရှိပါတယ်။ အလွယ်ကူဆုံးကတော့ Windows ကနေ wubi installer နဲ့လုပ်တာပါ။ ဒါပေမယ့် အကုန်လုံးကို ကိုယ့်စိတ်ကြိုက် ဆောင်ရွက်လို့မရပါဘူး။ ဒါကြောင့်မို့ နည်းနည်း အလုပ်ရှုပ်ခံပြီး လုပ်ကြည့်ကြရအောင်။ သိပ်မခက်ပါဘူး၊ အောက်ပါ ဖော်ပြမယ့် အချက်တွေတိုင်း အဆင့်ဆင့် လုပ်သွားကြည့်ပါ။ အခက်အခဲရှိရင် ကွန့်မန့် ရေးခဲ့နိုင်ပါတယ်။

Install မလုပ်ခင် အရေးကြီးတဲ့ Data တွေကို အရင် backup လုပ်ထားပါလို့ အကြံပြုပရစေ။ Partition ခွဲတင်တယ်ဆိုပေမယ့်လည်း မတော်တစ မှားသွားခဲ့သည်ရှိတော့ Data တွေ မပျောက်တော့ဘူးပေါ့။
အဆင့် ၁၊ ISO ဖိုင်ဒေါင်းလုပ်လုပ်ပါ။
ပထမဆုံး Ubuntu 11.10 ISO ဖိုင်ကို ကိုယ်နဲ့ကိုက်မယ့် architecture (Intelx86 သို့မဟုတ် AMD64) ဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ ပြီးပြီဆိုရင် နောက်တစ်ဆင့်သွားရအောင်။

အဆင့် ၂၊ Bootable media တစ်ခုလုပ်ရအောင် (USB/CD)
လွယ်လွယ်လေးပါ။ အဆင့် ၁ မှာဒေါင်းလုပ်လုပ်ထားတဲ့ ISO ဖိုင်ကို CD burn လိုက်ယုံပါပဲ။ Windows မှာဆိုရင်တော့ Nero Burn ဒါမှမဟုတ် Windows 7 မှာဆိုရင် ဒါတိုက် ISO ဖိုင်ကို CD လုပ်လို့ရပါတယ်။ CD အလွတ်တစ်ခုကို ထည့်၊ ပြီးတော့ ISO ဖိုင်ကို  Right Click လုပ် ပြီး Burn this ISO ကို ရွေးပေးလိုက်ယုံပါပဲ။
ဒါမှမဟုတ် USB ကနေ boot တက်အောင်လုပ်ချင်တယ်ဆိုရင်တော့
Windows မှာဆိုရင် Universal USB install ဆိုတာရှိပါတယ်။ ဒီမှာ ဒေါင်းလုပ် လုပ်ပါ။
ဖွင့်လိုက်ပါ။ ပြီးတော့ ISO ဖိုင်ကို သွားကောက်လိုက်ပါ။ ဘယ် USB Drive မှာ လုပ်မှာလည်း ရွေးပေးလိုက်ပါ။ မိနစ် အနည်းငယ်အတွင်း  ပြီးသွားပါလိမ့်မယ်။ Ubuntu မှာပဲ လုပ်ချင်တယ်ဆိုရင်ဖြင့် Start Up Disk creator ဆိုတဲ့ ဆော့ဝဲ ရှိပါတယ်။ ISO ဖိုင်ကို ရွေးပေးပါ။ ဘယ် USB Drive မှာ လုပ်မလည်း ရွေးပေးပါ။ မိနစ် အနည်းငယ် အတွင်ပြီးသွားပါလိမ့်မယ်။

အစရှိသဖြင့် အဆင့် ၂ ပြီးဆုံး အောင်မြင်သွားရင် bootable media တစ်ခုရပါပြီ။ USB Installer က တစ်ခြား ကိစ္စတွေမှာလည်း သုံးလို့ ရပါတယ်။ ဥပမာ ဘာ password မှ ရိုက်စရာ မလိုပဲ  USB ကနေ boot တက်ပြီးတော့  Windows က Virus ကို သတ်ချင်တာမျိုး၊ ဒါမှ မဟုတ် OS တစ်ခုခု ပျက်သွားလို့ Data တွေ Backup ပြန်လုပ်တာမျိုးတွေမှာ သုံးလို့ရပါတယ်။ အိုကေ၊ ကျွန်တော်တို့ Boot media ကနေ boot တက်ပြီး Hard drive ထဲကို Ubutnu Install လုပ်ရအောင်။

အဆင့် ၃၊  USB ဒါမှမဟုတ် CD ထည့်လိုက်ပြီးတော့ restart လုပ်ရအောင်။

အခု အသုံးပြုမယ့် Bootable media (USB/CD) တစ်ခုကို ထည့်ပြီးတော့ restart လုပ်ချလိုက်ပါ။ ပြီးတော့ အဲဒီ Media ကနေ boot တက်လိုက်ပါ။ ကွန်ပြူတာက Boot အော်တိုတက်လာမည် ဖြစ်ပြီး Ubuntu က စက်ရဲ့ မီမိုရီပေါ်မှာ တက်နေမှာဖြစ်ပါတယ်။ တစ်ခြားနည်းတစ်ခုကတော့ try Ubuntu without installing ကနေ ရွေးပြီး တက်တယ် ဆိုရင်တော့ Ubuntu ကို Hard drive မှာ Installing မလုပ်ပဲ စမ်းသပ် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။

step 1

အဲလိုလုပ်ထားတယ်ဆိုရင် သင် စိတ်ကြိုက်စမ်းသပ် အသုံးပြုကြည့်ပြီး Hard drive ထဲ Installing လုပ်တော့မယ်ဆိုရင် Desktop ပေါ်က Install Ubuntu 11.10 icon ကို နိပ်လိုက်ပါ။



အဆင့် ၄၊ ဘယ်လို အမျိုးအစား တင်ချင်လည်း ရွေးချယ်ပါ။

တစ်ကယ်လို့ အင်တာနက် နဲ့ ချိတ်ထားမယ်ဆိုရင်တော့ Download Updates နှင့် Install third party software များကို ရွေးချယ်ပေးသင့်ပါတယ်။ ဒါမှ အလိုအလျှောက် နောက်ဆုံး ထွက်ထားတဲ့ ဆော့ဝဲ ဗားရှင်း များကို ဒေါင်းလုပ်လုပ် သွင်းသွားမှာ ဖြစ်ပြီး mp3, video codecs စသော တစ်ခြား third party software တွေကို သွင်းသွားမှာ ဖြစ်ပါတယ်။



Continue ကို နိပ်လိုက်ပါ။ ဘယ်လို အမျိုးအစားမျိုး သွင်းချင်လည်း ရွေးချယ်လို့ရမယ့် နောက် window တစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။



အထက်ပါပုံကိုကြည့်ပါ။ ရွေးချယ်စရာတွေ တွေ့ပါလိမ့်မယ်။ အခု ပုံတွေကတော့ Ubuntu 10.04 နဲ့ windows 7 ရှိပြီးသားမှာ Ubuntu 11.10 ကို ထပ်သွင်းမှာ ဖြစ်ပါတယ်။ (မကောင်းဘူးလား Triple boot)
10.04 နေရာမှာ 11.10 ကို သွင်းချင်တယ် ဆိုရင် တော့ Install Ubuntu alongside them ကို ရွေးချယ်ပါ။ HDD မှာ ရှိတာတွေ အကုန်ဖျက်ပြီး Ubuntu 11.10 ကိုပဲ သွင်းချင်တယ်ဆိုရင်တော့ Erase disk and install Ubuntu ကို ရွေးပါ။ အဲလိုတော့ မလုပ်နဲ့ နော် ရှိပြီးသား Windows ပါ ပျောက်ပြီး Data Partition တွေပါ အကုန်ပါသွားမယ်။ Something Else ကို ရွေးရင်တော့ သတ်မှတ်ထားတဲ့ Partition မှာ advance partition manager ကို အသုံးပြုပြီး လိုအပ်သလို Partition ပိုင်းပြီး သွင်းရမှာဖြစ်ပါတယ်။
ဒါကတော့ ကျွန်တော်တို့ အမှန်တကယ် လုပ်ချင်တာပါ။ နည်းနည်းတော့ ရှုပ်နေမယ်လို့ ထင်ပါတယ်။ ဆက်သွားကြည့်ရအောင်။
Something else ကိုရွေးပါ။ Continue ကို နိပ်ပါ။

အဆင့် ၅၊ Ext4 Partition အသစ်လုပ်မယ်။ Ubuntu 11.10 သွင်းမယ်။
အဆင့် ၄ က နောက်ဆုံးလုပ်ဆောင်ချက်အရ Partation manager (Partitions တွေ အသစ်လုပ်ဖို့၊ မလိုတာတွေ ဖျက်ပစ်ဖို့အတွက်) ကို မြင်ရမှာဖြစ်ပါတယ်။



Partation အလွတ်တစ်ခုကို ရွေးချယ်ပါ။ အလွတ်မရှိရင် လည်း အစတုန်းက Backup လုပ်ထားတဲ့ Partition ကိုရွေးချယ်ပါ။
Linux အတွက် Partition ၃ ခုလိုပါတယ်။
၁၊ boot
Boot loader သွင်းဖို့အတွက် Partition ပါ။ 100 MB ဆို လုံလောက်ပါတယ်။
၂၊ swap (Virtual RAM)
HDD Memory ပါ၊ Physical RAM ရဲ့ နှစ်ဆ ထားရပါမယ်။ RAM က 1GB ဆိုရင် swap partation က 2GB ဖြစ်သင့်ပါတယ်။ အများဆုံးကတော့ 4GB ပါ။
ဥပမာ 40GB ရှိတဲ့ Partition တစ်ခုဆိုပါစို့။
40 GB partition အလွတ်ကို ရွေးပါ။
Add.. ကိုနိပ်ပါ။ 100 MB ပေးပါ။ Location for the new partition: Beginning ကိုရွေးပါ။ Use as: Ext2 ကိုရွေးပါ။ Mount point: /boot ကို ရွေးပါ။ Ok နိပ်ပါ။

လက်ကျန် partition အလွတ်ကို ရွေးပါ။
Add.. ကိုနိပ်ပါ။ 4000 MB (4GB) ပေးပါ။ Location for the new partition: Beginning ကိုရွေးပါ။ Use as: swap ကိုရွေးပါ။ Mount point: ရွေးစရာမလိုပါ။ Ok နိပ်ပါ။

လက်ကျန် partition အလွတ်ကို ရွေးပါ။
Add.. ကိုနိပ်ပါ။ ကျန်သလောက်ထား ပေးပါ။ Location for the new partition: Beginning ကိုရွေးပါ။ Use as: ext4 ကိုရွေးပါ။ Mount point: / (root partition) ကိုရွေးပါ။ Ok နိပ်ပါ။

သတိထားရမှာက ntfs Type တွေ မရွေးမိပါစေနဲ့။ ရှိပြီးသား Widows ပျက်သွားနိုင်ပါတယ်။

Partition အကုန်လုံးသေချာလားပြန်စစ်ပါ။ ဘယ်လိုရှိသင့်သလဲဆိုရင်
ntfs ၃ ခု (boot,windows,data partition)
ext2 (linux boot)
swap (linux Virtual RAM)
ext4 (linux system partition)

အဆင့် ၆၊ အခြေခံ အချက်အလည်း လေးတွေ ဖြည့်မယ်။ User အသစ်လုပ်မယ်။

Your Physical Location - Local time အတွက် နောက်တစ်ဆင့်မှာ ပေါ်လာမယ့် ကမ္ဘာ့မြေပုံမှာ ရွေးပေးလိုက်ပါ။
Continue နိပ်ပါ။
Keyboard Layout - English (US)
Continue နိပ်ပါ။

User အသစ်လုပ်မယ်။

Your Name: ကိုယ့်နာမည် အပြည့်အစုံရေးသင့်ပါတယ်။ ဥပမာ (Mr.blade)
Computer's Name: ဥပမာ (blade-pc)
Password: strong password ဖြစ်သင့်ပါတယ်။ စာလုံး အကြီးရော အသေးပါ ပါသင့်ပါတယ်။ Special Char (#@!@^%$%) တွေ ပါသင့်ပါတယ်။ နံပါတ်တွေ ပါသင့်ပါတယ်။ ဥပမာ (U11#bladE@2011)
Require my password to login: ပါလာတဲ့အတိုင်းထားသင့်ပါတယ်။ စက်ဖွင့်ချင်တိုင်း Pasword ရိုက်ရပါ့မယ်။ ဒါမှမဟုတ် မရိုက်ချင်ရင်လည်း Log in automatically ရွေးပေးလို့ရပါတယ်။ ကောင်းတဲ့ အလေ့အထတော့ မဟုတ်ပါ။
Continue နိပ်ပါ။

installation လုပ်ဆောင်ချက်တွေ မိနစ် အနည်းကျရင် ပြီးသွားပါလိမ့်မယ်။ သေချာပါတယ်။ windows installing လောက်တော့ မစောင့်ရပါဘူး။

အဆင့် ၇၊ restart လုပ်ပါ။
နောက်ဆုံးကျရင် Installion is complete ဆိုတဲ့ Window တစ်ခုပေါ်လာပါလိမ့်မယ်။ restart လုပ်ပါ။ Remove the installation media ဆိုပြီး လာပြပါလိမ့်မယ်။ USB/CD ကို ထုတ်လိုက်ပါ။ Enter နိပ်ပါ။ reboot လုပ်သွားပါလိမ့်မယ်။ ပြီးတော့ boot loader ပေါ်လာပါလိ့မယ်။ Ubuntu 11.10 ကို ရွေးပေးလိုက်ပါ။  Login လုပ်ပါ။

ဒါပါပဲ။ Ubuntu installation အောင်မြင်သွားပါပြီ။

LAMP - Apache, Mysql & PHP server တည်ဆောက်ရအောင်

Desktop တင်မကပဲ Server (web application တွေ တည်ဆောက်ရမှာပါ , VPS, Dedicated hosting အသုံးပြုမှု) မှာပါ Ubuntu က အခုဆိုရင် တော်တော့်ကို ပေါ်ပြူလာဖြစ်လို့လာပါတယ်။ Ubuntu ထုတ်လုပ်သူတွေကတော့ ပုံမှန်ထွက်ရှိနေတဲ့ Version တွေထက် LTS(Long Term Support ၅ နှစ်ကြာ support) သုံးဖို့ အကြံပြုကြပါတယ်။ ဒါပေမယ့်လည်း Ubuntu 12.04 LTS ကတော့ Desktop မှာပါ ၅ နှစ်ကြာ support ပေးမှာဖြစ်ပါတယ်။

ဘယ်လိုပဲပြောကြပြောကြပါ။ ရိုးရိုးအသုံးပြုသူတွေကော Developer တွေကပါ သူတို့ရဲ့ localhost Testing/developement (wordpress,joomla အသုံးပြုသူတွေ) အတွက်ပါ Apache, PHP, Mysql, phpMyAdmin ကို ubuntu 11.10 နဲ့ ဘယ်လိုတင်ပြီး ဘယ်လို အသုံးပြုမလည်း ဆိုတာကို ဒီစာရရည်ရွယ်ပါတယ်။

Apache ကတော့ ပေါ်ပြူလာအဖြစ်ဆုံး Web Server ဖြစ်ပြီး website အားလုံးရဲ့ ၆၅% က Apache ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ Apache က တော့ အခမဲ့ဆော့ဝဲလ် ဖြစ်ပြီး platform(Linux,Mac,Windows) မရွေး အသုံးပြုလို့ ရတဲ့ Web Server ဖြစ်ပါတယ်။ Server side language (PHP,Python, etc...) တော်တော်များများကိုလည်း extensible modules တွေနဲ့ထပ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ website တွေမှာ အသုံးအများဆုံးဖြစ်တဲ့ PHP နဲ့ ပေါ်ပြူလာ အဖြစ်ဆုံး MYSQL အခမဲ့ Database ကို အခြေခံထားတဲ့ Website (အခုဖတ်နေတဲ့ webiste အပါအ၀င်) တွေကတော့ Linux, Apache, MySQL နဲ့ PHP ကို ပေါင်းစပ်ထားတာပါ။ LAMP server လို့ အတိုမှတ်ပြီးခေါ်လိုက်တာပါ။

Ubuntu 11.10 မှာ LAMP ကို setup စလုပ်ကြည့်ရအောင်။

အဆင့် ၁ ။ Installing Apache

Apache

Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo apt-get install apache2

အဲဒီ Command ရိုက်လိုက်ရင် Apache ရဲ့ အခြေခံလိုအပ်တဲ့ modules,package နဲ့ libraries တွေကို Install လုပ်သွားမှဖြစ်ပြီး နောက်ထပ်လိုအပ်တာတွေကို တော့ နောက်အဆင့်တွေ မှာ ထပ်တင်ပါ့မယ်။ Apache သွင်းလိုက်တာ အောင်မြင်သွားလား စမ်းသပ်ကြည့်ရအောင်။ browser တစ်ခုဖွင့်ပြီး http://localhost လို့ URL bar မှာ ရိုက်ထည့်ကြည့်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်ရလျှင် Apache သွင်းတာ မှန်သွားပါတယ်။

Apache Default Page

အဆင့် ၂ ။ Installing Mysql

Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo apt-get install mysql-server

Install လုပ်နေချိန်အတွင်း mysql အတွက် root password ထည့်ဖို့ လိုပါတယ်။ ထည့်ပေးလိုက်ပါ။

Mysql Install Frist Step

 

Mysql Root Password setup

အဆင့် ၃ ။ Installing PHP
Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo apt-get install php5 libapache2-mod-php5 php5-mysql

PHP5 engine, php-apache libiary, php mysql libiary တွေ သွင်းတာပါ။ ဒါမှ php က apache နဲ့ကော Mysql နဲ့ပါ အလုပ်တွဲလုပ်ပါလိမ့်မယ်။ တင်ပြီးသွားရင်တော့ Apache ကို Restart ပြန်လုပ်ရပါမယ်။ extensible modules တွေ ထပ်သွင်းထားတဲ့အတွက် တစ်ခုနဲ့ တစ်ခု သိအောင်ပါ။ အောက်ပါ command အတိုင်း apache ကို restart လုပ်နိုင်ပါတယ်။

#sudo /etc/init.d/apache2 restart

စမ်းသပ်နည်း ၁။
PHP5 သွင်းတာ အောင်မြင်ရဲ့လား လို့ စမ်းကြည့်ရအောင်။ /var/www/ ထဲမှာ phpinfo.php ဆိုပြီး ဖိုင်တစ်ဖိုင် ပြုလုပ်ပါ။ ပြီးတော့ အောက်ပါ ကုဒ်ကို အဲဒီဖိုင်မှာ ရေးပြီး save လုပ်လိုက်ပါ။
<?php
print_r (phpinfo());
?>

ဒီအဆင့်မှာ file permission တွေ ပြဿနာ အနည်းငယ်ရှိပါတယ်။ /var/www/ က Apache ရဲ့ Default Document Root ပါ။ အဲဒီအထဲမှာ file တစ်ခုလုပ်မယ်ဆိုရင် super user mod လိုအပ်ပါတယ်။
ပြီးတော့ browser ကနေ ပြီးတော့ URL bar မှာ http://localhost/phpinfo.php ဆိုပြီး ဖွင့်ကြည့်ပါ။ အောက်ပါ ပုံအတိုင်းမြင်ရလျှင် LAMP တင်တာ အောင်မြင်ပါပြီ။

စမ်းသပ်နည်း ၂။
/var/www/ ထဲမှာ Folder တစ်ခုပြုလုပ်မယ်။
folder premission ကို ပြောင်းမယ်။
phpinfo.php ဖိုင်တစ်ခုလုပ်မယ်။ ကုဒ်ရေးမယ်။
Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo mkdir /var/www/project/
#sudo chmod 777 -Rf /var/www/project/

အဲဒီ Command နှစ်ခုရိုက်ပြီးရင် GUI ကနေ အသုံးပြုလို့ရပါပြီ။
Nautilus(file brower) ကို ဖွင့်ပါ။ File System > var > www > project ကို သွားပါ။ Right click > Create New Document တစ်ခုယူပါ။ phpinfo.php လို့နာမည်ပေးပါ။ Right click > Open with Text editor (Gedit ဒါမှ မဟုတ် တစ်ခြား တစ်ခုခု) နဲ့ဖွင့်ပါ။ အောက်ပါ ကုဒ် ကို Copy and Paste လုပ်ပါ။

<?php
print_r (phpinfo());
?>

Save လုပ်ပါ။

ပြီးတော့ browser ကနေ ပြီးတော့ URL bar မှာ http://localhost/project/phpinfo.php ဆိုပြီး ဖွင့်ကြည့်ပါ။ အောက်ပါ ပုံအတိုင်းမြင်ရလျှင် LAMP တင်တာ အောင်မြင်ပါပြီ။
php info test Page

နောက်တစ်ခုကတော့ MYSQL database ကို GUI နဲ့ အသုံးပြုလို့ရအောင် phpMyAdmin (MYSQL web administration tool) တင်ရအောင်။

Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo apt-get install phpmyadmin

Install လုပ်နေချိန်အတွင်း MYSQL root password ထည့်ပေးဖို့လိုပါတယ်။
ပြီးလျှင် browser ကနေ http://localhost/phpmyadmin/ ဆိုပြီး သွားကြည့်ပါ။ Mysql user name(default root) နဲ့ Mysql တင်တုန်းက ပေးထားတဲ့ password ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် MYSQL မှာ database အလွယ်တစ်ခု တည်ဆောက်လို့ရသွားပါတယ်။

LAMP ကို local က ကိုယ့်စက်ထဲ Install လုပ်ပြီး စမ်းကြည့်တာ ဘာတွေ အကျိုးအမြတ်ရနိုင်မှာလည်း၊ Apache Friends(xampp) နဲ့လည်းလုပ်လို့ရတာပဲလို့ ပြောစရာ ရှိပါတယ်။ အခုဆိုရင် Server တွေ မှာ Cpanel နဲ့ သုံးတဲ့ share server တွေလိုပဲ VPS hosting တွေက ဈေးပေါပေါနဲ့ ရနေပါပြီ။ အခု local မှာ လုပ်သလိုပဲ Server မှာလည်း အလွယ်တကူ command နည်းနည်းပါးပါး ရိုက်တတ်ယုံနဲ့ကိုပဲ ကိုယ်ပိုင်ဆာဗာ ကို စိတ်ကြိုက် ပြုပြင် သုံးစွဲလို့ရနိုင်ပါတယ်။ ဥပမာ၊ Linode VPS @ $19.95/month (512 MB RAM, 20 GB space and 200GB bandwidth)

video tutorial

 

 

Source: sudobits

ကိုဘလိတ်

PC တွေနေရာ အစားထို့လာမယ့် Ultrabooks ခေါ် laptop အပါးစားလေးများ



အခုဆိုရင် iPad က personal computer တွေကို ဝါးမြိုသွားသလိုပဲ Notebook တွေကိုလည်း Ultrabooks တွေက ဝါးမြိုတော့မလို ဖြစ်နေပါတယ်။ မဖြစ်နိုင်ခဲ့ဘူးလို့ ထင်ခဲ့တဲ့ကိစ္စက အခုတော့ တကယ် ဖြစ်လို့ လာနေပါပြီ။

Ultrabooks ဆိုတာ အလွန်ပါးလွှာတဲ့ Notebook computer ပါပဲ။ သူ့မှာ Hard disk မပါဘူး၊ DVD/ CD မပါဘူး။ အဲဒါမျိုးကိုပဲ Apple က တည်ထွင်ခဲ့ပါတယ်။  ၂၀၀၈ ခုနှစ်က ပထမဆုံးပွဲထုတ်ခဲ့တဲ့ MacBook Air ပါ။

PC ဈေးကွက် လေ့လာသူတွေကတော့ Ultrabooks ရောင်းအားကတော့ နောက် နှစ်အနည်းငယ်အတွင်းမှာပဲ ၂၀၀၇ မှာ notebooks pc တွေရောင်းရသလိုမျိုးပဲ ဗုံးပေါက်ကွဲသလို တိုးတက်လာမယ်လို့ ဟောကိန်းထုတ်နေကြပါတယ်။

Ultrabooks တွေရဲ့ ရောင်းအားက ၂၀၁၅ ခုနှစ်လောက်မှာ ၁၃၅.၅ သန်း လောက်ကို ရောက်ရှိလာမယ်၊ အဲဒါကတော့ Notebook ဈေးကွက်ရဲ့ ၄၃ ရာခိုင်နှုန်းပဲ ဖြစ်တယ်လို့လည်း IHS iSuppli ရဲ့ အဆိုအရ သိရပါတယ်။

Ultrabooks တွေရဲ့ အပြိုင်အဆိုင်ထွက်ရှိလာပုံကတော့ မမျှော်လင့်ဘဲ အလျှင်အမြန် တိုးတက်လာနေပါတယ်။ ဒီနှစ်မှာကိုပဲ အလုံးရေ  ၁ သန်း နီးပါးလောက် ရောင်းရပါတယ်။ အဲဒါက  Notebook အားလုံးရောင်းအားရဲ့  ၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါပေမဲ့ နောက် လာမယ့်နှစ်မှာတော့ Ultrabooks တွေရောင်းအားက Notebook တွေရောင်းအားရဲ့ ၁၃ ရာခိုင်နှုန်းလောက် ကို ရောက်ရှိလာမယ်ဖြစ်ပြီး၊ နောက် ၂၀၁၃ မှာ ၂၈ ရာခိုင်နှုန်းနဲ့  ၂၀၁၄ မှာ ၃၈ ရာခိုင်နှုန်းထိ တိုးတက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။
iPad လိုမျိုးတွေက PC တွေနေရာမှာ အကုန်အစားထိုး ၀င်ရောက်လာမယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားကြပေမယ့်လည်း ကျွမ်းကျင်သူတွေ ပြောတာကတော့ laptops တွေရဲ့ ရောင်းအားက သိသိသာသာကို ထိုးကျလာပါတယ်တဲ့။ အဲဒီတော့ tablet တွေက အကျိုးသက်ရောက်မှု တကယ်ရှိလို့ ၀ယ်လိုအားများလာတာ ဖြစ်ပါတယ်။

tablet တွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုရင် notebook PCs တွေဟာ ပိုမို ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းဖြစ်ပြီး ၀ယ်သူတွေ ပိုမို မျက်စိကျစရာဖြစ်လာဖို့လိုပါတယ်။ အခု Ultrabooks တွေကတော့ tablet တွေရဲ့ သွင်ပြင်လက္ခဏာတွေ အမြင်ပိုင်း အားသာချက်တွေကိုယူပြီး၊ ရှိရင်းဆွဲ Notebook တွေရဲ့ အားသာချက်တွေနဲ့ အချိုးကျကျ ပေါင်းစပ်လိုက်တာပဲ ဖြစ်ပါတယ်။

Intel's ultrabook

အခုမေလ တုန်းက Intel ကုမ္ပဏီက ပထမဆုံး Ultrabook (သူ့ရဲ့ trademark နာမည်ပါ။) ကို ထုတ်လုပ်လိုက်ပါတယ်။ Intel က ပြောတာကတော့ Ultrabook ဆိုတာကတော့ ၀.၈ လက်မ အောက် ပါးလွှာတဲ့ notebook PC တစ်မျိုးဖြစ်ပြီး၊ Hard dick မပါပဲ Flash memory တွေကို အစားထိုး အသုံးပြုထားပါတယ်။ ဒါကြောင့် ဖွင့်လိုက်လျှင် ချက်ချင်းနီးပါး အသုံးပြုလို့ ရနိုင်မှာ ဖြစ်ပြီး ဖုန်းတွေကဲ့သို့ stand by နဲ့ အမြဲတမ်းလည်း ဖွင့်ထားနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘက်ထရီကိုလည်း ၈ နာရီကျော် ခံအောင် ပြုလုပ်ထားပါတယ်တဲ့။

Netbook ကို ဘာလို့မကြိုက်ကြသလည်းဆိုတော့ ကီးဘုတ်က သေးတော့ ရိုက်ရခက်တယ်။ Processors က အားနည်းပြီး၊ Windows XP ပဲ တင်သုံးလို့ ရတာကြောင့်ပါ။

Ultrabook မှာတော့ 13", 14" တွေဖြစ်တဲ့အတွက် full-sized ကီးဘုတ်ပါပါတယ်။ ပြီးတော့လည်း Microsoft ကထွက်တဲ့ နောက်ဆုံး windows 8 ကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Windows 8 ကတော့ Intel ရဲ့ နောက်ဆုံးထွက် chipsets နဲ့ အလွန်အလွမ်းသင့်တယ်လို့လည်း ညွှန်းထားပါသေးတယ်။

လက်ရှိသုံးနေတဲ့ PC တွေနဲ့ notebooks တွေနဲ့ နောက်ဆုံးပေါ် Ultrabooks တွေ tablet တွေမှာပါ သုံးနိုင်ဖို့ အတွက် Microsoft ကလည်း Windows 8 ကို အချိန်မှီ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ Ultrabook တွေမှာ နောက်ဆိုရင် touch screens တွေပါ ဖြစ်လာနိုင်တယ်လို့လည်း ကြိုတင်ခန့်မှန်းထားပါသေးတယ်။

အခုလောလောဆယ်မှာတော့ Ultrabooks တွေက ဈေးမြင့်နေပါသေးတယ်။ ဘယ်ဟာဖြစ်ဖြစ် အနည်းဆုံးနော် ဒေါ်လာ တစ်ထောင်ကျော် ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်နှစ်ကျရင်တော့  Ultrabooks တွေဟာ သူတို့ရဲ့ နောက် မျိုးဆက်တစ်ခု ဖြစ်တဲ့ 3-D "lvy Bridge" processors (ပိုမို မြန်မြန် အလုပ်လုပ်နိုင်ပြီး power စားလည်း သက်သာတဲ့) တွေနဲ့ အသုံးပြုပြီးထွက်လာရင်တော့ thin notebooks တွေရဲ့ ဈေးနှုန်းဟာ ဒေါ်လာ တစ်ထောင်အောက်ကို ရောက်သွားမှာ ဖြစ်ပါတယ်လို့ Intel က ပြောပါတယ်။

PC တွေကတော့ အမြဲတမ်း သစ်လွင် လန်းဆန်းနေဦးမှာပါပဲ။ ပထမဆုံး laptop, ပြီးတော့ Netbooks အခု လာပြန်ပြီ Ultrabooks။ ဒီအိုင်ဒီယာတွေ ဘယ်ကစ ထွက်လာသလဲ။ ကျွန်တော်တို့ Apple ကို ကျေးဇူးတင့်သင့်ပါတယ်။

ကိုဘလိတ်

Source:CNN

LINUX စသုံးမည့်သူများ သိသင့်စရာအဖျာဖျာ

Operation System အမျိုးအစားတစ်ခု

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီးတော့ Operation system ဆိုတာ ထည့်ပြောစရာမလိုတဲ့ အခြေအနေဖြစ်နေပါပြီ။ ဘာလို့လည်းဆိုတော့ အဓိကကျတဲ့ ကွန်ပြူတာနဲ့ လုပ်မယ့် အလုပ်တွေ အားလုံးနည်းပါးက အွန်လိုင်းကနေပဲ လုပ်တာ ဖြစ်တော့ browser တွေသာ အဓိက အခန်းကဏ္ဍက ဖြစ်နေပါတယ်။ ဒါကြောင့် Operation system ဆိုတာ့ နောက်ကွယ်ကပဲ သူလုပ်ရမယ့်အလုပ်တွေ လုပ်တာဖြစ်ပြီး အသုံးပြုသူက ဘယ် Operation system ကို သုံးနေသလည်းဆိုတာ သိစရာ မလိုတဲ့အနေအထားဖြစ်နေပါတယ်။ အဲဒီတော့ Operation system ဆိုတာ user တွေ အသုံးပြုမယ့် ဆော့ဝဲ တွေနဲ့ computer မှာ ရှိတဲ့ hardware တွေကို ချိတ်ဆက်ပေးတဲ့ ကြားခံ တစ်ခုလို့ပဲသိထားရရင်ရလောက်ပါပြီ။

Windows မဟုတ်ဘူး။

new users တော်တော်များများက Windows,Linux နဲ့ Mac က ဘာကွာခြားလည်းဆိုတာ သေချာမသိကျပါဘူး။ တော်တော်များများက တော့ windows လိုမျိုး အကုန်သုံးလို့ရရင် ကွန်ပြူတာပဲ ထင်ကြတာပဲ။ Windows ပါမှာ ကွန်ပြူတာလို့ ထင်နေကြတယ်။ တကယ်တော့ Windows ဆိုတာ Operation system တစ်ခုပဲ။ End user တွေအနေနဲ့ Operation System က အဓိက မဟုတ်တာတော့ သေချာတယ်။ အဲဒီ Operation System ပေါ်မှာ တင်ပီး Run နေတဲ့ Application တွေ အသုံးပြုကြတာပါ။ တစ်ခြား Opensource application တွေကလည်း Windows မှာပါတဲ့ application တွေလိုပဲ အသုံးပြုလို့ ရပါတယ်။ ဥပမာ၊ Microsoft Word ဆိုတာမျိုး Libre office Writer ရှိပါတယ်။ Menu တွေ တော်တော်များများ အတူတူပါပဲ။ File memu ထဲမှာ New,Open,Save, Save as စသည်ဖြင့် တူတူပဲ ပါတာပါပဲ။ အဲဒီတော့ Windows တင်ထားမှ ကွန်ပြူတာ မဟုတ်ပါဘူး။

C:\ မရှိဘူး။

Windows အသုံးပြုသူတွေက C:\ ဆိုတာဘာလည်းဆိုတာတော့ သိကြပါတယ်။ များသောအားဖြင့် ဘယ်လိုမှတ်ထားသလည်းဆိုတော့ C:\ ဆိုတာ System partation သွားမထိနဲ့ အန္တရယ်ရှိတယ်။ အဲလောက်ပါပဲ။ Linux မှာတော့ Directory hierarchy တွေကို ပြည့်စုံအောင် လုပ်ထားပါတယ်။ User အတွက်မှတ်ထားရမယ့် တစ်နေရာပဲရှိပါတယ်။ /home/USERNAME (USERNAME ဆိုတာကတော့ အသုံးပြုသူနဲ့ login name ပါ). များသောအားဖြင့် နောက်ဆုံးပေါ် Linux distro တွေမှာတော့ users home directory မှာ Documents, Pictures, Music, Video စသည်ဖြင့် နေရာတွေ ပြုလုပ်ပေးပြီးသားတွေ တွေ့နိုင်ပါတယ်။ အဲဒီတော့ User မှတ်ထားရမှာက ကိုယ့် နာမည်နဲ့ နေရာမှာ ကိုယ့်ဖိုင်တွေ အကုန်လုံးသိမ်းထားနိုင်ပါတယ် ဆိုတာပါပဲ။

Installing လုပ်နည်းလည်း ကွာတယ်။

Windows မှာ software တစ်ခု install လုပ်ချင်တယ်ဆိုရင် net မှာ ရှာမယ်။ .exe ဖိုင်ကို ဒေါင်းလုပ်လုပ်မယ်။ ပြီးရင် double click ခေါက်ပီး run လိုက်မယ်။ ပြီးအောင် စောင့်မယ်။ နောက် အသုံးပြုမယ်ပေါ့။ Linux တွေမှာတော့ Add/Remove software tool(Ubuntu software Center, PackageKit, or Synaptic) တစ်ခုခုကို ဖွင့်၊ အသုံးပြုချင်တဲ့ software ကို ရှာပြီး install button ကို နိပ်လိုက်ယုံပါပဲ။ အသုံးတည့်မယ့်  opensource software တော်တော်များများ တွေ့ပါလိမ့်မယ်။

Command line မလိုပါဘူး။

Linux ဆိုပြီး ပြောလိုက်တာနဲ့ User တွေက command line တွေ လေ့လာရတော့မယ်ပဲ ပြေးမြင်ကြပါတယ်။  Modern Linux Distro တွေ မှာ End user တွေ Command ရိုက်စရာ မလိုပဲ အသုံးပြုလို့ရအောင် လုပ်ထားပြီး ဖြစ်နေပါပြီ။ Terminal အမြဲဖွင့်ထားပြီး  grep, ls, mkdir, chmod, or chown တွေ ရိုက်နေစရာမလိုပါ။ GUI ကနေ လုပ်နိုင်ပါတယ်။

Virus ဝင်မှာမပူရပါ။

Windows အသုံးမပြုတော့ဘူးဆိုရင်တော့ Virus ဆိုတာကိုလည်း ဂရုစိုက်နေစရာ မလိုတော့ပါဘူး။ AVG or SEP တွေ task bar မှာ မြင်ရမှာမဟုတ်တော့ပါဘူး။ LINUX ဒါက ပုံမှန်ပါပဲ။ တစ်ခြား Windows user က မေးလ် ပို့လိုက်လို့ မေးလ် ထဲမှာ virus ပါလာလို့လား။ မပူပါနဲ့ LINUX ကို အဲဒီ virus က ဒုက္ခမပေးနိုင်ပါ။  just select and delete လုပ်လိုက်ယုံပါပဲ။

အခမဲ့ပဲဖြစ်ပါတယ်။

Open source နဲ့ ပတ်သက်ပြီး လူတွေ အမြင်ကြားရတာတော့ မကောင်းကြောင်းကြည့်ပဲဖြစ်နေတယ်။ consumerist society တွေထင်ထားတာကတော့ free ပေးတာတွေက အသုံးဝင်ရင်တော့ ကောင်းပါတယ်တဲ့။ software တစ်ခုက လူတိုင်းအတွက်တော့ ဘယ်အသုံးဝင်ပါ့မလဲ။ များသောအားဖြင့်လည်း မသုံးကြည့်ပဲနဲ့ အသုံးမဝင်ဘူးပဲ ပြောကြတာများပါတယ်။ ဥပမာ scribus နဲ့ လုပ်ထားတဲ့ ဖိုင်ကို Printing ကိုပို့တော့ သူတို့က Pagemaker, Indesign သုံးထားလို့ ဖွင့်မရလို့ သုံးလို့မရဘူးတဲ့။ Scribus မှာ PDF ဖိုင် ပြောင်းလို့ ရပါတယ်။ Printing လုပ်တဲ့သူတွေကို PDF ဖိုင်ပေးလိုက်ယုံနဲ့ရပါတယ်။ Design source ဖိုင်ပေးစရာ မလိုပါဘူး။ သူငယ်ချင်းတစ်ယောက် မာစတာ တန်းအတွက် သီးစစ်လုပ်တာ ၈၀ ရာခိုင်နှုန်းလောက်က wiki နဲ့ google က ရတာတဲ့။ အဲဒီနှစ်ခုလုံးက Open source တွေပါပဲ။

ဒီတစ်ခု မကြိုက်ဘူးလား နောက်တစ်ခုပြောင်းပေါ့။

LINUX မှာတော့ရွေးချယ်စရာတွေများပါတယ်။ Desktop ကလည်း အမျိုးမျိုးရှိတယ်။ Themes တွေလည်း အမျိုးမျိုးပြောင်းနိုင်ပါတယ်။ ဒီတစ်ခု အသုံးပြုရတာ အဆင်မပြေရင် နောက်တစ်ခုပြောင်းသုံးယုံပါပဲ။ အခုမှ စသုံးမယ်ဆိုရက်တော့ Ubuntu ဒါမှမဟုတ် Linux Mint သုံးကြည့်ပါ။ Ubutnu ကတော့ Facebook မှာ မြန်မာ fun တွေ ရှိပါတယ်။ LInux Mint menu တွေကတော့ Windows နဲ့ ယဉ်ပါးနေတဲ့သူတွေ အသုံးပြုရင် အဆင်ပြေပါတယ်။

Driver installer CD တွေ သိမ်းထားစရာ မလိုပါဘူး

Windows XP သုံးဖူးတဲ့သူတွေ သိမှာပါ။ Windows ပြန်တင်တိုင်း Driver တွေ isntall လုပ်ရတာ ဘယ်လောက် ခေါင်းခြောက်သလဲ။ Linux မှာတော့ တော်တော်များများ driver တွေကို auto သိပါတယ်။

Google မှာ ရှာပါ။

Linux မှာ error တစ်ခုခုတွေ့နေသလား။ copy ကူးပြီးသာ Google မှာရှာလိုက်ပါ။ ဖြေရှင်းချက် မျိုးစုံ ထွက်လာပါလိမ့်မယ်။ တစ်ခါတည်း လေ့လာပြီးသားပါဖြစ်သွားနိုင်ပါတယ်။



လူတွေက တစ်ခုခု အပြောင်းအလဲ လုပ်ရမှာကို ကြောက်စိတ်ရှိပါတယ်။ တစ်ခုသိရမှာက ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ် ပြန်ကြည့်ကြည့်ပါ။ အရာရာတိုင်း ပြောင်းလဲနေတယ်။ ပြောင်းလဲမှုကိုလဲ လက်ခံနေရတယ်။ အဲဒီတော့ အပြောင်းအလဲလေး လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ priate တွေ သုံးမလား၊ ဒါမှမဟုတ် ကိုယ့်လိပ်ပြာ ကိုယ် လုံအောင် Opensource တွေ သုံးမလားပါပဲ။



Ref: techrepublic မှ 10 things you must teach new Linux users




အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည် ရှိပြီလား

Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။

အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့

၁၊ စိတ်ရှည်ရမယ်။စိတ်တည်ငြိမ်ရမယ်
ပြဿနာတစ်ခုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပီး စိတ်ရှည်လက်ရှည် ဖြေရှင်းတတ်မှုကတော့ IT မှာ အရေးအကြီးဆုံးတစ်ခုပါပဲ။ တစ်ချို့ IT ပြဿနာတွေမှာ အချိန်မှီ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေရှင်းပေးရမယ် ကိစ္စတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ စိတ်တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ ဟိုတွေးဒီတွေးနဲ့ အဲဒီ ပြဿနာကို အချိန်မှီ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်တော့ IT အလုပ်ဆက်မလုပ်တာ ကောင်းပါတယ်။

၂၊ ကျောင်းဆက်တက်ဖို့တွေ စာမေးပွဲတွေ ဖြေဖို့တွေ စိတ်ဝင်စားရပါ့မယ်။

IT က အမြဲတမ်း အသစ်တွေ ထွက်ထွက်နေတာပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း refresh လုပ်နေရပါမယ်။ စာတွေ ဖတ်ရမယ်။ သတင်းတွေ ဖတ်နေရမယ်။ ဘာတွေ အသစ်တွေ ထွက်နေပြီလည်း အမြဲတမ်းလေ့လာနေရပါမယ်။ selfstudy လုပ်ဖို့ ၀ါသနာကို ပါနေရပါမယ်။ workshop တွေတက်ရမယ်။ အမြဲတမ်း learning လုပ်နေဖို့ လိုပါတယ်။

၃၊ ရုံးချိန်မဟုတ်တဲ့ အချိန်မှာလည်း အလုပ်လုပ်ရပါ့မယ်
နည်းပညာဆိုတာကြီးက ကိုယ်သတ်မှတ်ထားတဲ့ schedule အတိုင်း တသတ်မှတ်တည်း အမြဲတမ်းသွားနေမှာ မဟုတ်ပါဘူး။ Servers ဆိုတာမျိုးက သူဒေါင်းချင်တဲ့ အချိန် ဒေါင်းမှာ business ဆိုတာကတော့ ဒေါင်းလို့မရဘူး။ အဲဒီတော့ ညကြီးသန်းခေါင်းမှာ Server ဒေါင်းသွားလို့ ထလုပ်ရင်လည်း လုပ်ရမယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေလည်း သူများတွေလို နားချင်မှ နားရမယ်။ ကိုယ်က ရုံးပိတ်ရက်တွေမှာ သူများတွေ နည်းတူ လုပ်စရာတွေ အမြဲတမ်း ရှိနေတယ်ဆိုရင်တော့ ကိုယ်က IT အလုပ်နဲ့ သိပ်မကိုက်ဘူးလို့ သတ်မှတ်လိုက်ပါ။

၎၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းရပါမယ်
ဒါကတော့ ရှင်းပြဖို့လိုမယ်တောင် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ IT မှာ support end users ဆိုတာလည်း ပါတာကိုး။ စကားများများပြောရမယ်။ တဖက်လူ နားလည်းအောင် ဥပမာများနဲ့တကွ သေသေချာချာ ရှင်းပြရမယ်။

၅၊ လွယ်လွယ်အရှုံးမပေးနဲ့
ကိုယ့်အရည်အချင်းကို ဘယ်နှစ်ခါလောက် ပြန်လည် သုံးသပ်ဖူးလည်း။ ပြဿနာ တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဘယ်နှစ်ခါ ဖြေရှင်းဖူးလည်း။ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဘယ်လောက်များများ ထားခဲ့ဘူးသလည်း။ အဲလိုမျိုးတွေထားထားခဲ့တာကို ကိုယ့်ကိုကိုယ် မွေ့လျှော်နေပီလား။ အဲဒါမျိုးတွေက IT's ethic မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်တွေပဲ။ တစ်ခုတော့ ရှိတယ်။ အချိန်နည်းနည်း ထပ်စောင့်ရအုံးမှာလား။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ skill လိုသေးတာလား။ အိုကေ။ အချိန်စောင့်နိုင်တယ် ထားအုံး။ လက်ခံထားဖို့ တစ်ချက်ကတော့ အဲဒီ အလုပ်ကို ပြီးအောင် အဆုံးသတ်မယ်။ လုပ်ကိုလုပ်ရမယ်ဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။

၆၊ ဒေါသထွက်မလွယ်နဲ့
IT သမားလည်း စိတ်နဲ့ပဲ ဒေါသတော့ တစ်ခါတစ်လေထွက်တာပေါ့နော်။ ဒါပေမယ့်  IT သမားက End users တွေရဲ့ ပြဿနာကို အနည်းနဲ့အများ နေ့တိုင်း ဖြေရှင်းပေးနေရတာဆိုတော့  ဒေါသထွက်လွယ်လို့ကတော့ တစ်နေ့လုံး ဒေါသထွက်နေရပြီး သွေးတိုးရောဂါ ရမယ်။

၇၊ multitask လုပ်နိုင်ရမယ်
တစ်ခါတလေကျရင် IT သမားတွေက အချိန်မှီပြီးအောင် အလုပ်နှစ်ခု သုံးခု တစ်ပြိုင်နက်တည်း လုပ်ရတာတွေ ရှိပါတယ်။ အလုပ်ကို တစ်ခုပြီးပြတ်မှ တစ်ခုလုပ်တတ်တဲ့သူလည်း IT လောကမှာ မအောင်မြင်ဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် multitask လုပ်နိုင်တဲ့သူက ပိုသာမှာပေါ့လေ။

၈၊ တဖြည်းဖြည်းနဲ့ ရာထူးတွေ တိုးတိုးသွားတာကို လိုချင်တာလား
IT အလုပ်အတွက်တော့ အဲဒါက သိပ်မဖြစ်နိုင်ပါဘူး။ ရာထူးတော့ တိုးတာတော့ ရှိပါတယ်။ အိုင်တီ မန်နေဂျာလောက် အထိပေါ့။ CEO အဆင့်လောက်အထိ မျော်လင့်ထားတယ်ဆိုရင်တော့ ....

၉၊ နည်းပညာတွေ မကြိုက်ဘူးလား
ဒါကတော့ မဖြစ်နိုင်ပါ။ ဥပမာ ဘာလဲဟ စမတ်ဖုန်း၊  ဖုန်းပဲကွာ ဖုန်းပြောလို့ရတော်ရောပေါ့ ဆိုတာမျိုး၊ စာအုပ်ဆို လက်ထိပ်လေး တံတွေးဆွတ်ပြီး လှန်ရမှ စာဖတ်တယ်လို ထင်တာမျိုး (ebook မဖတ်ချင်ဘူးဆိုသလို) Server တွေ Desktop switches, routers ဘာတွေလည်းဟ အင်တာနက်လေး သုံးရဖို့ ဘာတွေ မှန်းကို မသိဘူးဆိုတာမျိုး၊ စက်ပစ္စည်းတွေ များလို့ green earth ထိခိုက်တယ်ဆိုတာမျိုးတွေ ၊ အဲဒါတွေ ရှိနေမယ်ဆိုရင်တော့ ...

၁၀၊ ဖုန်းပိတ် အိပ်တတ်သလား
IT သမားတွေဟာ ညလယ်သန်းခေါင်ကလည်း ကိုယ့်အလုပ်လုပ်ချိန်ပဲ ဖြစ်လာရင် ဖြစ်လာနိုင်တယ်။ မနက်ကတည်းက ညနေအထိ အလုပ်လုပ်ပြီးပြီ အလုပ်ချိန်ပြီးပြီလို့တော့ လက်လွတ်စပယ် နေလို့ မဖြစ်နိုင်ပါ။ 24/7 on call ဖြစ်နေရပါ့မယ်။  မိသားစု တွေ့ဆုံပွဲကိုလည်း ခနထားခဲ့ပြီး Server ဒေါင်းလို့ အလုပ်လုပ်ရင် လုပ်ရပါ့မယ်။ သားဦးလေး မွေးမှာမို့လို့ လာလို့မရဘူးလည်း လုပ်လို့မရပါဘူး။ အလုပ်ချိန်ပြင်ပ ဖြစ်တဲ့အတွက် အလုပ်က ဖုန်းခေါ်ရင် မကိုင်ချင်ဘူး ဆိုရင်တော့ သေချာပါပြီး သင်နဲ့ IT နဲ့ ....

သင့်အမြင်ကော ဘယ်လိုရှိလည်း comment ပေးထားနိုင်ပါတယ်။ IT သမားဘက်က အမြင်တွေကိုပဲ ရေးထားတာပါ။ တစ်ခြား field ထဲက လူတွေကို ထိခိုက်နစ်နာစေလိုခြင်း လုံးဝမရှိပါဗျာ။
Ref:techrepublic