Saturday, 5 October 2013

Linux တင်သုံးဖို့ လက်တော့ တစ်လုံးဝယ်မယ်





ဘယ် laptop(notebook) ဖြစ်ဖြစ် များသောအားဖြင့် linux တင်လို့ပါတယ်။ အဲဒီတော့ ကွန်ပြူတာကို ဘယ်လိုသုံးမှာလည်း ဆိုတာ အရင် သိဖို့လိုပီးတော့ ဘယ်လိုဟာမျိုးဝယ်ရင် သင့်တော်မလည်း ဆုံးဖြတ်ရမှာပါ။


ဘာသုံးမှာလည်း


ပထမဦးဆုံး ကိုယ်က ဘယ်ရည်ရွယ်ချက် အတွက် စက်ကို သုံးမှာလည်း စဉ်းစားရပါမယ်။ များသောအားဖြင့်  တစ်ယောက်တည်းသုံးမယ်ပေါ့။ စာတွေဘာတွေ ရေးဖို့  ဇယားတွေတွက်ဖို့ ချက်ဖို့ office suite လိုမယ်။ အင်တာနက် လျှောက်မွှေဖို့ browser လိုမယ်။ အီးမေးလ် တွေ ဘာတွေ သုံးမယ်။ ချက်တင် တွေ သုံးမယ်။ အဲဒီလောက်ဆိုရင် အလယ်အလတ် လောက်ရှိတဲ့ ကွန်ပြူတာဆို လုံလောက်ပါပြီ။ core i3, RAM 4GB လောက်ပေါ့။ သေသေချာချာ တစ်ခုချင်း စစ်စစ်ပေါက်ပေါက် သိအောင် လုပ်ပြီးမှ ဝယ်မယ်ဆိုရင်တော့ အောက်ပါအချက်တွေကို သိသင့်ပါတယ်။

  1. ငွေဘယ်လောက်သုံးမလည်း၊

  2. screen size က ကော ဘယ်လောက်လိုချင်လည်း။ (13" or 15" or 17")

  3. ကိုယ်က စက်ကို ဘယ်လိုသုံးချင်လည်း၊ ဥပမာ။ အင်တာနက် ပဲ သုံးမှာလား၊ System Admin လုပ်ဖို့လား၊ software ရေးဖို့လား၊  windows နဲ့ dual boot သုံးအုံးမလား စသည်ဖြင့်ပေါ့။

  4. Battery ကကော ဘယ်လောက်ကြာကြာ သုံးချင်တာလည်း။

  5. ရုပ်ရှင်တွေ ဘာတွေ ကြည့်ဖို့ DVD drive လိုသေးလား ။ ဒါမှ မဟုတ် Blue ray မှာ ဖြစ်မှာလား။

  6. ဂိမ်းစော့ဖို့ ဆိုရင်တော့ အကောင်းစား လိုမှာပါ။ ပြီးတော့ windows နဲ့ dual  တင်သင့်ရင် တင်ရပါ့မယ်။ တစ်ချို့ ဂိမ်းတွေက Linux မှာ စော့လို့မရပါဘူး။

  7. နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ဘာတွေသုံးနေတာလည်း သိတဲ့ ကွန်ပြူတာ အကြောင်း နားလည်တဲ့သူတစ်ယောက်ကို  desktop ကနေ laptop ပြောင်းသုံးရင် အဆင်ပြေမလား မေးသင့်ပါတယ်။

အကြမ်းမျဉ်းအားဖြင့် ကိုယ့်ဘာသာကို ဆုံးဖြတ်ချက် ချမယ်ဆိုရင်တော့ လို့မယ့်အချက်လေးတွေဖော်ပြထားပါတယ်။

Central Processing Unit (CPU)


CPU ဆိုတာကတော့ ကွန်ပြူတာရဲ့ ဦးနှောက်လို့ တင်စားကြပါတယ်။ Linux ကတော့ mobile cpus တော်တော်များများမှာ တင်သုံးလို့ရပါတယ်။ အောက်ဖော်ပြပါ များ ကတော့ mobile cpus များပဲ ဖြစ်ပါတယ်။

  • Intel Atom

  • Intel Core 2 Duo

  • Intel Core i5 Duo

  • Intel Core i7 Duo or Quad

  • AMD Athlon 64 Mobile

  • AMD Turion 64 X2

cpu ရဲ့ အမြန်နှုန်းကတော့ 1.3GHz ကနေ 2.2GHz အတွင်းဆိုရင် အဆင်ပြေလောက်ပါတယ်။ ပြီးတော့ cpu မှာ Cores ဘယ်နှစ်လုံးပါလည်း ဆိုတာလည်း အရေးကြီးပါသေးတယ်။ Cores များလေး အလုပ်များများ လုပ်နိုင်လေပေါ့။ ဥပမာ။ Intel Core 2 Duo ဒါမှ မဟုတ် AMD Turion 64 II (Dual Core) တွေကတော့ နာမည်ကြီး CPU တွေပါ။ ကျွန်တော့် အမြင်ကတော့ အဲဒါတွေဟာ 64 bit Linux distro တွေနဲ့ သင့်တော့မယ့် ဟာတွေပါ။

Video Card and X Server


လက်တော့မှာ အမြင်လှလှလေး နဲ့ အလုပ်လုပ်စေချင်တယ်ဆိုရင် ( not command line only) X windows system ကို သုံးရပါတယ်။ အဲဒီတော့ ဘယ်လို graphic card ကို ရွေးချယ်ရမလည်းဆိုတာလည်း အေ၇းကြီး ပါတယ်။ Graphic card မှာတော့  3D သုံးလို့ ရတာတွေ 2D ပဲ ရတာတွေ ဒါမှ မဟုတ် ရိုးရိုး distplay ပဲ ပါတာတွေ ရှိပါတယ်။ Nvidia  Graphic ကတော့ 3D တွေသုံးနိုင်ပါတယ်။ ATI  Graphic ကတော့ Open source driver တွေ ရှိပြီး 3D လည်း ရပါတယ်။ အကောင်းဆုံးကတော့ သူတို့ရဲ့ webiste တွေ သွားပြီး ကိုယ်နဲ့ ဘာဟာဆိုသင့်တော်မလည်း သွားကြည့်ပြီး ဆုံးဖြတ်တာ ကောင်းပါတယ်။

Low End Video Cards

  • Intel GMA 4500MHD

  • Intel 945GM

  • Intel 950 GMA

  • Intel X3100 GMA

  • NVIDIA Quadro NVS 160M (256MB)

Mid to High-End Video Cards


ဈေးနှုန်းရော အသုံးပြုလို့ရတဲ့ဟာပါ အလယ်အလတ်တန်းစားတွေပါ။ အဲဒီလောက်ဆို တော်တန်ယုံ 3D video games တွေ သုံးနိုင်ပါတယ်။ Video/Photo editing တွေ လုပ်နိုင်ပါတယ်။

  • NVIDIA Quadro FX 880M (1024 MB)

  • NVIDIA Quadro FX 2800M (1024 MB)

  • NVIDIA Quadro NVS 3100M (256 or 512 MB)

  • NVIDIA GeForce 9300M GS

  • NVIDIA GeForce 9300M

  • Intel GMA X4500 HD

  • ATI FirePro M7740 (1024 MB)

  • ATI Radeon HD 3650 (512 MB)

  • ATI Mobility Radeon HD4650 (1024 MB)

နောက်ဆုံးတစ်ချက်ကတော့ အဲဒီ Graphic card တွေနဲ့  Linux မှာပါတဲ့ X Display နဲ့ ကိုယ်သုံးမယ့် Software တွေ (ရုပ်ရှင်ကြည့်တာတို့၊ တစ်ချို့ opensoure ဂိမ်း တွေ ဆော့ဖို့တို့၊ presentation ဖိုင်တွေဘာတွေ လုပ်ဖို့တို့။ စသည်ဖြင့် ) နဲ့ အိုကေ ရဲ့လား သေချာ ဆန်းစစ် ကြည့်သင့်ပါသေးတယ်။ ကျွန်တော့် အမြင်ကတော့ ရုံးသုံး၊ ကိုယ်ပိုင်သုံး  software developer သုံးဆိုရင်တော့ Intel Graphic card နဲ့ တင် အဆင်ပြေပါတယ်။ dota တော့ ခုတ်လို့ရဘူးပေါ့ဗျာ။ ခုတ်ချင်ရင်တော့ အနည်းဆုံး 1GB  Graphic လောက်သုံး၊ steam နဲ့ Dota2 ခုတ်လို့ရမယ်။

RAM


RAM (Random Access Memory)  က တော့ အလုပ်စားပွဲနဲ့တူပါတယ်။ စားပွဲကြီးရင် stationary တွေ များများ တင်ထားပြီး အလုပ် ခပ်မြန်မြန် လုပ်လို့ရသလိုပဲ။ ကွန်ပြူတာမှာ RAM များတော့ အလုပ်များများ တစ်ပြိုင်နက် လုပ်လို့ရတာပေါ့။ VirtualBox တို့ Photo editing တွေ လုပ်မယ်ဆိုရင် RAM များများ လိုပါတယ်။  2GB ကနေ 4GB ကတော့ အသင့်တော်ဆုံးပါပဲ။  အခုနောက်ဆုံးပေါ် စက်တွေကတော့ 16GB ထိပါပါတယ်။ Linux မှာ 4GB အထက် RAM ထည့်ထားတယ်ဆိုရင်တော့ PAE ဒါမှမဟုတ် 64Bit kernel ကို အသုံးပြုရပါမယ်။

Hard Disk


Data တွေသိမ်းဖို့ အတွက် ကွန်ပြူတာမှ HDD လိုပါတယ်။ HDD တွေကတော့ များသောအားဖြင့် ဈေးပေါလာပါပြီ။ HDD က rotating platters တွေပေါ်မှာ data တွေကိုသိမ်းတာပါ။ အဲဒီတော့ speed များတဲ့ဟာ ကို ထည့်သင့်ပါတယ်။ 7200rpm ရှိတဲ့ HDD ကတော့ အမြန်ဆုံးပါပဲ။ ဒါမှမဟုတ် SSD(Solid state Drives) လည်း သုံးနိုင်ပါတယ်။ SSD တွေရဲ့ အားသာချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1.  ရိုးရိုး HDD ထက် speed နှစ်ဆ အနည်းဆုံးမြန်ပါတယ်။

  2.  ထက်ပိုမို ပေါ့ပါးပါတယ်။

  3.  ပါဝါစား သက်သာပါတယ်။

  4.  စက် အဖွင့်အပိတ် မြန်ပါတယ်။

Windows မှာ သုံးသလိုပဲ usb strick တို extra HDD တို့လည်း တပ်သုံးလို့ရပါတယ်။

Optical Disk


Linux မှာလည်း DVDs,Blu ray  drive တွေ တပ်လို့ရပါတယ်။ များသောအားဖြင့် DVDs တွေကို data backup လုပ်ဖို့ တို့။ ရုပ်ရှင် သီချင်း DVD တွေ လုပ်ဖို့တို့ သုံးကြပါတယ်။ Linux မှာလည်း DVD burner software ကောင်းကောင်း တွေ ရှိပါတယ်။ bule ray နဲ့မှာ ရုပ်ရှင်ကြည့်ချင်ပါတယ် ဆိုရင်လည်း တပ်ထားလို့ရပါတယ်။ mplayer နောက်ဆုံး version ကတော့ blu ray ရုပ်ရှင်တွေအတွက် သင့်တော်ပါတယ်။ အခြား opensource software တွေလည်း ရှိပါသေးတယ်။

Power Management: Suspend and Hibernate


Linux မှာ AMP ( Advanced Power Management ) and ACPI (Advanced Configuration and Power Interface ) နှစ်မျိုးလုံး သုံးလို့ရပါတယ်။ hibernate ကတော့ လက်ရှိအခြေအနေအတိုင်း disk မှာ သိမ်းထားတာ ဖြစ်ပြီး suspend ကတော့ RAM ပေါ်မှာ သိမ်းထားတာ ဖြစ်ပါတယ်။ hibernat ကတော့ dual boot တင်ထားရင် တစ်ခြား OS တစ်ခုကို ပြောင်းဖွင့်လို့ရပါတယ်။ suspend ကတော့ မရပါဘူး၊ စက်ဖွင့်လိုက်တာနဲ့ ကိုယ် နောက်ဆုံးဖွင့်ထားတဲ့ OS တစ်ခါတည်း တန်းပွင့်လာမှ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့  လက်တော့ တွေမှာ အလုပ်မလုပ်တာတွေ ရှိပါတယ်။

Wireless 802.11

လက်တော့ အများစုကတော့ on-board 802.11 (a/b/g/N) wireless cards ပါပါတယ်။ ဘယ်ကဒ် တွေက Linux မှာ အလုပ်လုပ် သလဲ google မှာ ရှာသင့်ပါတယ်။ ဒါမှမဟုတ်လည်း ဒီနေရာ မှာ သွားကြည့်နိုင်ပါတယ်။

Biometric Fingerprint Scanner

လုံခြုံရေးအတွက် အရေးကြီးတယ်ဆိုရင်တော့  "Biometric Fingerprint Scanner" လိုဟာမျိုးလိုလာပါပြီ။ Linux မှာ တော့ KDM,GDM တို့က fingerprint reader တွေ အတွက် အလုပ်လုပ်ပါတယ်။ အောက်ဖော်ပြပါတို့ကတော့ fingerprint ပါတဲ့  လူသိများတဲ့ လက်တော့ အမျိုးအစား  ဖြစ်ပါတယ်။

  • IBM ThinkPad T and X series selected models (see list of supported devices)

  • Dell Latitude selected models

  • HP Pavilion (selected model)

အောက်ပါလင့် များကတော့ linux fingerprint နဲ့ ပက်သက်လို့ သိသင့်တဲ့ အချက်တွေပါ။

  • The fprint project aims to plug a gap in the Linux desktop: support for consumer fingerprint reader devices.

  • Fedora project wiki page describing supported devices and software for fingerprint devices.

Fn key (BlueKey) Support


Function key ကတော့ လက်တော့ တွေအတွက် အထူး ထည့်ပေးထားတဲ့ keyboard ခလုပ်တွေပါ။ များသောအားဖြင့် အပြာရောင် ဖြစ်တတ်ပါတယ်။ Fn နဲ့ အပြာရောင် စာပါတဲ့ ခလုပ်နဲ့ တွဲနိုပ်ရင် အထူး လုပ်ဆောင်ချက် တွေ လုပ်ပါတယ်။ ဥပမာ၊ Fn + F11 အသံတိုးတာ Fn + F12 အသံကျယ်တာ စသည်ဖြင့်ပေါ့။ Dell နဲ့ IBM လက်တော့ တွေကတော့ များသောအားဖြင့် Fn key တွေ ပါပါတယ်။

Ports

အော်ဖော်ပြပါတို့ကတော့ များသောအားဖြင့် လက်တော့တွေဘေးမှာ ပါတဲ့အပေါက်တွေပါ။

  1. USB -   external hard disk, pen, mouse, keyboard and တစ်ခြား လိုအပ်တာတွေ ထိုးဖို့ အပေါက်။

  2. FireWire - လူသုံးနည်းပါတယ်။ Linux မှာ သုံးလို့ ရဖို့ အတွက် software တွေ ထပ်တင်ဖို့ လိုပါမယ်။ Zip drives, hard drives, and CDRW/DVD drives တွေသုံးလို့ရပါ့မယ်။ ရှိသမျတွေ အကုန်သုံးလို့ရဖို့အတွက်တော့ မဖြစ်နိုင်သေးပါဘူး။ Firwire အကြောင်း ထပ်သိချင်သေးတယ်ဆိုရင် wiki မှာ ကြည့်နိုင်ပါတယ်။

  3. eSATA - နဲ့ external hard disks တပ်သုံးမယ်ဆိုရင် usb တို FireWire တို့နဲ့ တပ်သုံးတာထက် မြန်ပါတယ်။  တစ်ချို့ စက်တွေမှာ အလုပ်လုပ်ပြီး တစ်ချို့ စက်တွေ မှာ အလုပ်မလုပ်ပါဘူး။ Dell နောက်ဆုံးထွက် တွေမှာတော့ ပါတတ်ပါတယ်။

Sound


On board sound card အများစုကတော့ Linux နဲ့ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ .mp3, .wav, .ogg နဲ့ အခြား တော်တော် များများ သီချင်းဖိုင်တွေကို Linux နဲ့ ဖွင့်ဖို့အတွက် အဆင်ပြေပါတယ်။

Docking Station (Port Replicator)

Docking station and port replicator  ကတော့ ကွန်ပြူတာနဲ့ ဆက်စပ် နေတဲ့ စက်တွေ ထပ်တပ်နိုင်ဖို့ပါ။  ဥပမာ  desktop monitor, keyboard, printer, mouse, Palm Pilot  စသည်တို့ ထပ်တပ်တာမျုးကို ဆိုလိုတာပါ။  docking station တော်တော်များများကတော့ Linux မှာ အလုပ်လုပ်လို့ ရပါတယ်။

Ethernet (NIC)


နက်ဝက်ကြိုး ထိုးတဲ့ အပေါက်ပါ။ တော်တော်များများ လက်တော့တွေက Intel and Broadcom (tg3) Ethernet cards  ကို သုံးကြပါတယ်။ Linux ကလည်း ကောင်းကောင်းသိပါတယ်။ ဘာလိုဟာတွေကို Linux ကသိသလဲ လို့ ဒီမှာ ကြည့်နိုင်ပါတယ်။

ို

Tip: Test Your Laptop With Linux (Try Before You Buy)


Show room ကိုသွား Linux Live CD (such asKnoppix or Ubuntu or Fedora ) တစ်ခုခုယူသွား၊ ပြီးတော့ ကိုယ်ဝယ်မယ့်စက်မှာ ထည့်စမ်းကြည့်။ boot တက်ကြည့်မယ်။ X windows တက်လားကြည့်မယ်။ wilreless ဒါမှ မဟုတ် နက်ဝက်ကြိုးနဲ့ Internet ချိတ်ကြည့်မယ်။ အကုန်အလုပ်လုပ်တယ်ဆို ဝယ်လာလိုက်ယုံပဲပေါ့။ :D


Recommend Linux Distribution


Ubuntu, Linux Mint အိမ်သုံး တစ်ကိုယ်ရည်သုံး၊

Debian Web Developer, Opensource Software Developer (Qt C++, Qt Python. etc)  သုံးဖို့ သင့်တော်ပါတယ်။

Linux အကြောင်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာချင်ရင် Arch, Gentoo သင့်တော်ပါတယ်။

Linux Laptop Vendors


ကဲ. အခု ဘယ်လို ရွေးမလည်း သိပြီ။ အဓိက အကျဆုံးကတော့ wireless,video card, Ethernet card ပါပဲ။ အောက်ဖော်ပြပါတို့ကတော့ Linux အသင့်ပါပြီးသား လက်တော့ ရောင်းတဲ့ brand တွေပါပဲ။

  1. Dell sales Ubuntu Laptop in USA, Canada, UK, France, Germany, Spain and Latin America. (See official Ubuntu page). Dell India also sales high end Redhat Linux based laptop for business use.

  2. HCL provides Ubuntu / Redhat / Fedora Linux based laptop in India.

  3. Acer India provide Aspire series Linux based laptop in India.

  4. HP Novell / Suse Linux certification and support matrix for HP laptops.

  5. Asus Linux based eeepc netbooks in USA, India, UK, and various other places across the globe.

  6. EmperorLinux provides Linux laptops with full hardware support under Linux in USA.

  7. LinuxCertified provide Linux laptop and support in USA.

  8. Linuxemporium provide Linux laptop and support in UK.

  9. System76 provides Ubuntu Linux laptop and support in USA and Canada.

  10. Zareason provides Ubuntu Linux laptop in USA, but claims to ship to many other places across the globe.

source:Internet

Wednesday, 11 September 2013

Web Master ၏တာဝန်များ

Web master တစ်ယောက်ရဲ့ အဓိက တာဝန်များကတော့ ကိုယ် ကိုင်ထားတဲ့ website ပုံမှန်အလုပ်လုပ်နေဖို့။ user တွေ အဆင်ပြေပြေ  content တွေ ထည့်နေနိုင်ဖို့၊ ဆိုက် အပြင်အဆင် အမြဲတမ်း သပ်သပ်ရပ်ရပ်ဖြစ်နေဖို့။ ဘယ် browser နဲ့ ကြည့်ကြည့် အဆင်ပြေပြေ မြင်ရဖို့၊ လင့်တွေ အကုန်လုံး အလုပ်လုပ်ဖို့။ တွေ လိုအပ်ပါတယ်။ user တွေ တင်ထားတဲံ content တွေ နေရာတစ်ကျ ရှိနေဖို့က web master တာဝန်ဖြစ်ပြီ။ content တွေ စာသားမှားနေတာကတော့ web master နဲ့ မဆိုင်ပါဘူး။

(  တော်တော်များများက တော့ အဲဒါ web master လုပ်ရမယ်ဆိုတာပဲ ဇွတ်ပြောပြောနေကြတာပဲ။ )

အဲဒီတော့  web Server လည်း ကောင်းကောင်း ကိုင်တက်အောင် လုပ်ထားရပါမယ်။
Web design လည်းသိရပါမယ်။
Basic web programming တွေလည်း သိထားရပါမယ်။
Database အကြောင်းလည်း သိရပါ့မယ်။
ှServer Security အကြောင်းလည်း သိထားရပါမယ်။
နောက်ဆုံးပြောရရင် web master က web content ကလွဲရင် ကျန်တာ အကုန် သူ့မှာ တာဝန်ရှိပါတယ်။

source:Internet

system administrator တာဝန်များ

system administrator ၏တာဝန်နှင့် ဝတ္တရားများ

သူ့ရဲ့တာဝန်တွေကတော့ တော်တော့်ကို များပါတယ်။ လုပ်တဲ့နေရာချင်း မတူရင်လည်း ကွဲပြားမှုတွေရှိပါတယ်။ ဥပမာ ဂျာနယ်တိုက်မှာ လုပ်ရင် ဖိုင်သိမ်းတာတွေ ပြန်ရှာတာတွေပိုများမှာ ဖြစ်တဲ့အတွက် file server ကို သေသေချာချာ ကိုင်တွယ်ဖို့ လိုသလို၊ ဝယ်ရောင်း လုပ်တဲ့ အလုပ်မှာ ဆိုရင်တော့ store,POS တွေ ပါလာမှာ ဖြစ်တဲ့အတွက်  Database server က ပိုအရေးပါလာမှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့်  sysadmin လုပ်ရမှာတွေကတော့ ဆော့ဝဲတွေ သွင်းမယ်။ ဘယ်လိုသုံးရလည်း သုံးမယ့်သူကို သင်ပေးရမယ်။ အခါအားလျှော်စွာ  server က အလုပ်ပုံမှန်လုပ်နေရဲ့လား အကဲခပ်နေရမယ်။ ဆော့ဝဲ အသစ်တွေ ထွက်လာရင် update လုပ်ပေးရမယ်၊ စသည်ဖြင့်ပေါ့။ နောက်တစ်ခုက programming လည်း နည်းနည်းပါးပါး ရေးပေးရရင် ရေးပေးရမယ်။ ကိုယ့်အလုပ်နဲ့ သုံးနေတဲ့ ဆော့ဝဲက  ကီးသိပ်မကိုက်လို့ နည်းနည်း ပြင်ပေးရတာမျိုးပေါ့။ ဥပမာ။ Free POS တစ်ခုကို ကိုယ့် အလုပ်က logo ပြောင်းပေးတာမျိုးပေါ့။  ဒါမှ မဟုတ်ရင်လည်း  software company တွေဆိုရင် project manager ဝင်လုပ်ပေးရတာမျိုး၊ sys admin software ဖြစ်နေလို့  error checking လုပ်ပေးရတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

sysadmin တစ်ယောက်အနေနဲ့ အဓိက တာဝန်ရှိတာတွေကတော့

၁. ဆာဗာ ကို တစ်ခြား အလုပ်တူတူလုပ်တဲ့သူတွေ သုံးနိုင်အောင် user အသစ်တွေလုပ်ပေးတာမျိုး။ အလုပ်ထွက်သွားတဲ့သူတွေ အကောင့်တွေကို ရှင်းပစ်တာမျိုးတွေပါ။

၂.  ဘယ်သူတွေပေါက်ကရလုပ်ထားလည်း။ ဘာတွေ ပြင်သင့်သလဲ၊ ဘယ်ဟာတွေ update လုပ်သင့်သလဲ၊ နေ့တိုင်း နီးပါးကြည့်နေဖို့ပါ။

၃. ဆာဗာ ပုံမှန် အလုပ်လုပ်နေသလား၊

4.့ ဟတ်ဝဲတွေ ပျက်နေတာနဲ့ အသစ်တစ်ခုနဲ့ အမြန်ပြန်လည် တပ်ဆင်အသုံးပြုနိုင်ရပါမယ်။

5. ဘယ်သူတွေ ဘာတွေ သုံးနေလည်း။ ဆာဗာက အဲလောက်သုံးနေတာကို ခံနိုင်ရည်ရှိရဲ့လား ဆိုတာလည်း စောင့်ကြည့်ရပါမယ်။

၆. အလုပ်က လိုအပ်မယ့် file systems ကို တည်ဆောက်ပေးရပါမယ်။ ဥပမာ၊ Departmnet တစ်ခုတိုးလာလို့  file server အတွက်  folder အသစ်လုပ်ပေးတာမျိုး။

၇. အလုပ်က လိုအပ်မယ့် ဆော့ဝဲ အသစ်တွေ ထပ်ထည့်ပေးတာတွေလည်း လုပ်ရပါ့မယ်။

၈. ဆာဗာ တစ်ခုခုကြောင့် ပျက်စီးသွားရင်လည်း backup တွေ ပြန် restore လုပ်နိုင်အောင် ကိုယ့်ဘာကို ဘယ်လို backup လုပ်ထားမလည်း ဆိုတာလည်း စီစဉ်ထားရပါ့မယ်။

၉. ကိုယ့် ရုံးက networking ကရော ကောင်းကောင်း အလုပ်လုပ်နေရဲ့လား စောင့်ကြည့်ရပါမယ်။

10. ဆော့ဝဲတွေ OS တွေ အသစ်တွေထွက်တိုင်း အဖြစ်နိုင်ဆုံး အမြန်ဆုံး update လုပ်ပေးရပါ့မယ်။

11. ဆာဗာကို ရုံးက Network ကနေ ဘယ်လိုတွေ အသုံးချမယ်ဆိုတာတွေ၊ ရုံးကွန်ပြူတာတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာတွေကိုလည်း အလုပ်အတူလုပ်တဲ့သူတွေကို ရှင်းလင်း ပြသထားရမှာ ဖြစ်ပါတယ်။

12. ရုံးက စက်တွေနဲ့  ဆာဗာ security တွေကိုလည်း နိုင်နိုင်နင်းနင်း စီမံ ခန့်ခွဲ ထားနိုင်ရပါမယ်။  firewall တွေ ခံထားတာမျိုး။

sys admin မလုပ်ရမယ့်ဟာတွေကတော့

ဆော့ဝဲ ရေးသားတာတွေ၊ ဒီဇိုင်းလုပ်တာတွေ  dtp လုပ်ရတာတွေ ပေါ့။
ဒါပေမယ့် အဲဒါတွေကိုလည်း  sys admin က သိထားသင့်ပါတယ်။  ကိုယ်က developer မဟုတ်ဘူးဆိုပြီးလည်း ဘေးကပ်နေလို့ မရပါဘူး။ software တွေ ဘယ်လို အလုပ်လုပ်သလည်း။ ဘယ်လို troubleshoot လုပ်မလည်း ဆိုတာကလည်း သိထားရပါမယ်။ အဲဒီအတွက် programming language သုံးလေးခုတော့ သိထားသင့်ပါတယ်။ shell, awk, perl, python etc

Source:Internet

Monday, 22 July 2013

Google wallet နဲ့ အရာအားလုံး ပြီးမြောက်စေမယ်



"ကျွန်တော်တို့တွေရဲ့ မကြာတော့မယ့် အနာဂတ်မှာ ဖုန်းတစ်လုံးက လွဲပြီး ဘာမှ ယူစရာမလိုဘဲ အိမ်အပြင်ထွက်လို့ ရတော့မယ်" ။ အဲဒါကတော့ ဂူဂယ်ကုမ္ပဏီက ပြောလိုက်တဲ့ အနာဂတ်အတွက် အမြင်ပါ။

"ကျွန်တော်တို့ ယုံကြည်နေပါတယ်။ တစ်နေ့နေ့မှာ အိမ်ကနေ အလုပ်ကို ဖြစ်ဖြစ် ဈေးကိုဖြစ်ဖြစ် တစ်နေရာရာကို လက်ကိုင်ဖုန်း တစ်လုံးတည်း ကိုင်သွားပြီး ထွက်သွားလို့ရမယ်လို့ ကျွန်တော် အသေအချာကို မျှော်လင့်ထားပါတယ်လို့ ..." ဂူဂယ် အိမ်ဆောင်ထုတ်ကုန် မန်နေဂျာ Marc Freed-Finnegan က ပြောလိုက်ပါတယ်။

အပြင်တစ်ခါသွားရင် လိုအပ်မယ့် အရာအားလုံးဖြစ်တဲ့ စာရွက်စာတမ်း၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အရာတွေ ဒါမှမဟုတ် သတ္တုတစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ အရာတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ တစ်စုတစ်ဝေးတည်းဖြစ်အောင် smart phone က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဂူဂယ်က ဆိုလိုတာကတော့ မိုဘိုင်းဖုန်းကိုပဲ ခရက်ဒစ်ကဒ်၊ ယာဉ်မောင်း လိုင်စင်၊ ထရန်စစ်ကဒ်၊ စတိုးဆိုင်တွေက ပေးတဲ့ ကူပွန်ကဒ်တွေ၊ အိမ်သော့၊ ဟိုတယ်သော့ မှတ်ပုံတင် စတာတွေအပြင် အခြားသော မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ တော်တော်များများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေ တကယ်ဖြစ်နိုင်မလားဆိုတာကတော့ smart phone တွေရဲ့ တိုးတက်လာမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။

၂၀၀၇ မှာ ပထမဦးဆုံးပေါ်ခဲ့တဲ iPhone ကို နည်းပညာရှင်တွေက ပထမဦးဆုံးသော အိပ်ဆောင် ကွန်ပျူတာ Smart Phone စစ်စစ်လို့ သတ်မှတ်ကြပါတယ်။

Smart phone တွေဟာ အခုဆိုရင် GPS များ၊ လက်ကိုင်ဂိမ်းစက်များ၊ အိမ်သုံး ကင်မရာများ၊ ပြက္ခဒိန်၊ မှတ်စုစာအုပ်၊ သတင်းစားများ နဲ့ နားကြပ်ကက်ဆက်တွေ နေရာမှာ အစားထိုး ၀င်လို့လာပါတယ်။ လက်ကိုင်အိတ်ထဲမှာ တပွေ့တပိုက် ထည့်ထားရမယ့် စာတွေ တော်တော်များများဟာ smart phone ထဲကို ရောက်သွားပါပြီ။

ကျွမ်းကျင်သူတွေ အပြောအရ ဖုန်းတွေက ဘယ်လောက်အထိ ပြည့်စုံလာစေမလဲဆိုရင်၊ တကယ်လို့ မနက်ပိုင်းထွက်မယ့် ခင်ဗျား စီးမယ့်လေယာဉ်က အကြောင်းကြောင်းကြောင့် နောက်ကျနေတယ် ဆိုရင်၊ ခင်ဗျားရဲ့ ဖုန်းမှာပါတဲ့ နှိုးစက်နာရီက ခင်ဗျားကို နောက်ကျပြီးမှ နှိုးပေးမှာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကိုတော့ Apples ရဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ humble personal assistant ကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တယ်ဆိုတာ မြင်သာနေပါတယ်။

ဖုန်းထုတ်လုပ်နေတဲ့ နည်းပညာရှင်တွေကလည်း ဘယ်လောက်အထိ ကြိုးစားနေသလဲဆိုရင် ဖုန်းတစ်ခုလုံးကို အင်္ကျီတွေထဲမှာ တည်ဆောက်ထားပြီး ဖုန်း စခရင် ကိုတော့ ခင်ဗျားရဲ့ အသားပေါ်မှာ ထားနိုင်အောင် လုပ်ဆောင်ပါတယ်။ ဒါကတော့ နည်းနည်း အလှမ်းဝေးသေးတဲ့ အနာဂတ်တစ်ခုပါ။ သေချာတာကတော့ အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့၊ ကိုယ်နဲ့ မကွာထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ ရှိစေဖို့တွေကို ဦးတည်နေတာ ဖြစ်ပါတယ်။



မိုဘိုင်းဖုန်းတွေဟာ တကယ့်ကိုပဲ လူသားတွေရဲ့ လူမှုနေထိုင်မှု ဘ၀အချက်အချာ ဖြစ်လာနေတယ်လို့ မန်နေဂျာ Freed-Finnegan ပြောပါတယ်။ ကွန်ပျူတာ အသေးစားလေးကို သယ်ဆောင်သွားတာနဲ့ ခင်ဗျား လုပ်ချင်တဲ့အရာ တော်တော်များများကို အဲဒါလေးနဲ့ပဲ အကုန်လုပ်ယူလို့ရတယ်လို့ ဆိုပါတယ်။

အိတ်ဆောင် စမတ်ဖုန်းတွေကို ကိုရီးယားနဲ့ ဂျပန်က လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ အမေရိကမှာတော့ သူပြောငါပြော စကားတွေထဲမှာပဲ ရှိနေသေးတာပါ။

ဒါပေမဲ့ ဂူဂယ် ဆော့ဝဲ တစ်ခုဖြစ်တဲ့ Nexus S smartphones ကို Sprint's network မှာ မကြာခင်က ဖြန့်ချီလိုက်တဲ့အခါမှာတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ Nexus S smartphone က နောင်တစ်ချိန်မှာ တကယ့်ကို ဘာတွေ ဆက်ဖြစ်လာမလည်းဆိုတာကို ချပြလိုက်တဲ့ အသေးစား ပြယုဂ်လေး တစ်ခုပါလို့လည်း ဆိုပါသေးတယ်။

အခု Smart Phone က ဘာတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ နည်းနည်း ဆက်ကြည့်လိုက်ရအောင်။

ကုန်ပစ္စည်းတစ်ခု ၀ယ်တာကို ခရက်ဒစ်ကဒ် မထုတ်ဘဲ ဖုန်းကို ထုတ်လိုက်မယ်။ ပြီးတော့ NFC Reader software (စတိုးဆိုင်တော်တော်များများမှာတော့ PayPass လို့ခေါ်တဲ့ သေးငယ်တဲ့ Radio-wave icon လေးတွေကို ဈေးနှုန်းကဒ်တွေမှာ ထည့်ထားပါတယ်) ကိုဖွင့်လိုက်မယ်။ ငွေချေဖို့ အတွက် ကုန်ပစ္စည်းကုဒ်ကို မှတ်ထားလိုက်မယ်။ လုံခြုံရေးအတွက်တော့ Security PIN ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

Google Wallet က အခုလောလောဆယ်မှာတော့ Citi MarterCard တစ်ခုနဲ့ပဲ အလုပ် လုပ်ပါသေးတယ်။ နောက်ပြီး Prepaid card ထဲကို ခင်ဗျားဘဏ်ထဲက ဒါမှမဟုတ် ခရက်ဒစ်ကဒ် အကောင့်ထဲက ပိုက်ဆံကို ထည့်ထားလို့ရပါသေးတယ်။

နည်းပညာရှင်တွေ အပြောကတော့၊ သမားရိုးကျ အရောင်းအ၀ယ် ၀န်ဆောင်မှုတွေက ခက်ခဲ ရှုပ်ထွေးလို့၊ တခြား နည်းပညာအသစ် တစ်ခုနဲ့ ငွေပေးချေရေး ၀န်ဆောင်မှုတွေ မြန်ဆန် လွယ်ကူစေဖို့အတွက် အဲဒါကို အစားထိုး စမ်းသပ် အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အခုဆိုရင် Google Wallet ဒါမှမဟုတ် တခြား Digital Wallet တစ်ခုခုဟာ ခင်ဗျားရဲ့ ပိုက်ဆံအိတ်တွေ နေရာမှာ အစားထိုးဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီ Phone-wallet နည်းပညာဟာ အနာဂတ် မိုဘိုင်းများအတွက် အရေးပါလာသလို၊ လူအားလုံး လက်ခံ အသုံးပြုဖို့ လွယ်ကူတဲ့အရာလည်း ဖြစ်လာပါတော့မယ်။

ဂူဂယ်က ပြောတာကတော့ Google Wallet ကို ဆက်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်တဲ့။ မိုဘိုင်းဖုန်းက loyalty cards တွေ digital coupons တွေကို သိမ်းစည်းထားနိုင်ပြီး တစ်ချက်ကလေး ကလစ်လိုက်တာနဲ့ ကုန်စုံဆိုင်က ပေးတဲ့ discounts တွေကော လျှော့ဈေးတွေကိုပါ ရမှာဖြစ်ပြီး တစ်ဆက်တည်းပဲ ငွေပါ ပေးချေပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ရည်ရှည်မှာတော့ မှတ်ပုံတင်ကဒ်တွေ တံခါးသော့ကဒ်တွေကအစ အရာအားလုံးကို ဖုန်းထဲ ထည့်ထားနိုင်ပါလိမ့်မယ်။ အခုဆိုရင် ဖုန်းထဲက NFC chip က တံခါးတွေ ဖွင့်ပြီး၊ မှတ်ပုံတင် (ID) စစ်ဆေးဖို့တွေ လုပ်နိုင်နေပါပြီ။ (လောလောဆယ်တော့ google wallet က သိပ်ပြီးတော့ နာမည် မကြီးသေးပါဘူး၊ အမေရိကန်က smart phones ဖြစ်တဲ့ Google Nexus S နဲ့ တခြား BlackBerry မော်ဒယ် နှစ်ခုမှာတော့ NFC chip က ပါနေပါပြီ။)

ဥပမာ ဟိုတယ် တံခါးသော့ အတွက် ဆိုပါတော့။ ဟိုတယ် စာရေးက ဧည့်သည်ရဲ့ ဖုန်းထဲကို check-in ၀င်တဲ့အချိန်မှာ key permission ကို တံခါးသော့ဖွင့်နိုင်ဖို့အတွက် ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် ဖုန်းကို ဟိုတယ် အခန်းတံခါး သော့နားကို ကပ်လိုက်တာနဲ့ တံခါးက ပွင့်သွားမှာ ဖြစ်ပါတယ်။

အဲလိုဖြစ်ဖို့အတွက် digital lock တွေ လုပ်တဲ့ အလုပ်ရုံတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ hardware တွေကို standards တစ်ခု သတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။ မှတ်ပုံတင်တွေ ကားမောင်းလိုင်စင်တွေ အတွက်ကတော့ သက်ဆိုင်ရာ အစိုးရဌာနက လက်ခံဆောင်ရွက်မှ ဖြစ်လာမှာပါ။

ဒါပေမဲ့ အဲဒီအရာတွေ အားလုံးကတော့ မကြာခင်ချိန်မှာ တကယ်ဖြစ်လာမှာပါလို့ ဂူဂယ် အိတ်ဆောင် ကွန်ပျူတာ ထုတ်လုပ်ရေး မန်နေဂျာ Freed-Finnegan က ပြောထားပါတယ်။

ကိုဘလိတ်

Source: CNN

LINUX ပြောင်းသုံးဖို့ အဆင်သင့်ဖြစ်ပြီလား

ကိုဘလိတ်



လူတိုင်း ကိုယ့်ကွန်ပျူတာမှာ Opeation System ကိုတင်ရင် လွယ်လွယ်ကူကူ အခက်အခဲမရှိ ကျေကျေနပ်နပ် အောင်မြင်သွားတယ် ဆိုတာ မရှိသလောက်ပါပဲ။ ပြဿနာ တစ်ခုမှတစ်ခုနဲ့ အမြဲတမ်းကြုံတွေ့ရပါတယ်။

များသောအားဖြင့် အိမ်သုံးကွန်ပျူတာဆိုတာကလည်း Microsoft Windows ကြောင့်ပဲ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပြီး သူကပဲ ဈေးကွက် တော်တော်များများကို ပိုင်ဆိုင်ထားတယ်လေ။ ဒါကြောင့်ပဲ ကွန်ပျူတာဆိုရင် လူတိုင်းက Windows နဲ့ တွဲမြင်ကြပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ အခုဆိုရင် တဖြည်းဖြည်းနဲ့ LINUX Operation System ကို ပြောင်းသုံးလာနေကြပါပြီ။ ကဲ ဒါဆိုရင် ကျွန်တော်တို့ကော ပြောင်းသုံးဖို့ အဆင်မပြေနိုင်ဘူးလား။ ပြောင်းသုံးဖို့ အချိန်တန်ပြီလား ဆိုတာ ဆက်ကြည့်ရအောင်။

၁။ ဆော့ဝဲတွေ အတွက်ပိုက်ဆံပေးနေတာတွေက စိတ်ညစ်စရာပါ။

မနက်အိပ်ရာထတိုင်း Operation System အတွက်ပိုက်ဆံပေးထားရတယ်။ Antivirus အတွက် ပိုက်ဆံပေးထားရတယ်။ ကိုယ့်စက်လေး အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေဖို့အတွက် Virus update ကို Install လုပ်ရပြီ။ အသုံးပြုရတာ အဆင်ပြေသလား စဉ်းစားကြည့်ပါ။ ကြာလာတာနဲ့အမျှ ဘာအတွက် ဘာကြောင့်ရယ် စက်ကလေးနေမှန်းမသိဘူး။ ဘာပြဿနာတွေကြောင့်လည်း အဖြေရှာမရဘူး။ အဲဒီအတွက် bugs တွေကို သက်ဆိုင်ရာ ဆော့ဝဲကုမ္ပဏီတွေက အဖြေရှာပေးနေပါတယ်။ ပြုပြင်ပေးနေပါတယ်။

ဒါပေမဲ့ ဘယ်တော့ ရမယ်တော့မသိရပါဘူး။ Pirate တင်ထားတယ်ဆိုရင်လည်း ဘယ်အချိန်များ လူရှေ့သူရှေ့စက်ဖွင့်ရင် အဖမ်းခံရမလည်းပေါ့။ Linux ကျတော့ကော အချိန်နဲ့အမျှ ၁၀၀ ရာခိုင်နှုန်း အခမဲ့ ဆော့ဝဲလ် တွေကို မရေမတွက်နိုင်တဲ့ Developer တွေက ထုတ်လုပ်ပေးနေတယ်လေ။ ဘယ်နေရာဖွင့်သုံးသုံး အဆင်ပြေနိုင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမယ်။ ကျီးလန့်စာစား မဖြစ်ဘူးပေါ့။

၂။ Hardware အသစ်တွေ အမြဲတမ်းလိုနေမယ်။

RAM များများမှ၊ CPU မြင့်မြင့်မှ ဆိုတာမျိုးပေါ့။ Windows က Hardware ကောင်းကောင်းလိုချင်တယ်လေ။ ကြုံဖူးမှာပါ။ စာလေး တစ်ပုဒ်ရိုက်ဖို့အရေး Microsoft word ကိုဖွင့်ထားခဲ့ပြီး ကော်ဖီသွားဖျော်တာမျိုးလေ။ ပြန်လာတာနဲ့ အသင့်ပွင့်နေမှာပေါ့။

၃။ Malware အတွက်စိတ်ညစ်နေတာလား။

p4 စက်အဟောင်းလေး တစ်လုံးရှိတယ်ပေါ့။ Xp နဲ့သုံးတယ်။ လေးလေးလာပြန်ပြီ။ ဘယ်သတ္တ၀ါတွေက စက်ထဲဝင်ပြီးနှိပ်စက်နေလည်း မသိဘူး။ ဆိုတဲ့အသံတွေ အမြဲကြားကြားနေရတယ်မဟုတ်လား။

ဒါပေမဲ့ စိတ်တော့သိပ်မပူပါနဲ့။ Microsoft က permissions system တွေက ပိုကောင်းအောင် လုပ်ထားတယ်လို့သိရပါတယ်။ Linux မှာတော့ Old hardware နဲ့အသုံးပြုလို့ရမယ့် Hardware resource အများကြီးမလိုတဲ့ GUI (Graphical User Interface) တွေ နှစ်ခုသုံးခုရှိပါတယ်။

၎။ Service patch သွင်းပြီးလို့ ပျော်နေတာလား။

ကဲ.. အရင်တစ်ပတ်က Service patch ကို install လုပ်ပြီးလို့ စိတ်ချရပါပြီဆိုရင် အဲဒီဟာမတိုင်ခင် ဘယ်အချိန်ကတည်းက ကိုယ့်စက်ကို ဒုက္ခပေးနေတာလဲ။ ကိုယ့်စက်ထဲကို ဘယ်မသာမာသူတွေက ဘယ်နှစ်ကြိမ်လောက် ၀င်ထွက်သွားလာပြီးပြီလဲ။

၅။ အချိန်တွေပိုနေလို့လား။

လူတော်တော်များများက virus scanning နဲ့ defragmenting တွေ အချိန်တွေ အများကြီး ပေးထားရတာကို မနှစ်မြို့ကြဘူးလေ။ အဲဒီတွေလုပ်နေတဲ့အချိန်မှာ ကျန်တာသုံးလို့မရသလောက်ကို ထိုင်စောင့်နေရတယ်လေ။ တကယ်ပဲ ကျွန်တော်တို့ အဲဒီအချိန်မှာ တခြားလုပ်စရာတွေမရှိတာ သေချာရဲ့လား။

၆။ မြန်မြန်ဆန်ဆန် အလုပ်ဖြစ်ချင်တယ်။

Windows boot speed ကမြန်လာပြီလို့ ပြောကြပါတယ်။ booting လုပ်နေတုန်းလေး ကော်ဖီဖျော်ချိန် ရတယ်လေ။

၇။ ဖိုင်တွေတစ်ယောက်နဲ့တစ်ယောက်ဖြန့်ဝေမယ်

တကယ်လို့ ဘာလင်က စီးပွားရေးအဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်လို့ သူတို့က .ODP format (နိုင်ငံတစ်ကာသုံး ဖိုင်အမျိုးအစား) ဖိုင် ကို ပို့ပြီဆိုပါတော့။ PowerPoint က အဲဒီဖိုင်ကိုဖွင့်ရင် ကောင်းကောင်း အလုပ်မလုပ်ပါ။

၈။ Internet Explorer (IE) ကို တကယ်မကြိုက်တာ သေချာတယ်။

အင်တာနက် သုံးမယ်ဆိုရင် Web browser တစ်ခုခုကို တော့တင်သုံးမယ်လေ။ IE ကိုတော့ အဲဒီ web browser ဒေါင်းလုပ်လုပ်တဲ့ အချိန်သုံးမယ်ပေါ့။

၉။ ကိုယ့်စက်ကို ကိုယ့်ကိုယ်တိုင် control လုပ်ချင်တယ်။

ကွန်ပျူတာ ပြဿနာ အသေးအမွှားလေးတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းချင်တယ်လေ။ Microsoft က နောက်ထွက်မယ့် Version မှာ ပြင်ပေးမှာကို စောင့်မနေချင်ဘူး။

၁၀။ အပေါ်ကအချက်တွေနဲ့ မကိုက်ညီတာတွေ ရှိပါသလား။

ရှိတယ်ဆိုရင်လည်း တစ်ခုနှစ်ခုပေါ့ဗျာ။ ဒါဆို ကျွန်တော်တို့ တစ်ခြားနည်းရွေးလို့မရနိုင်ဘူးလား။ Linux မှာ ချစ်စရာကောင်းတဲ့ ကိုယ်စိတ်ကြိုက် ပြုပြင်လို့ရတာတွေကို Windows က ဘယ်တော့မှာ လိုက်မှီမှာမဟုတ်ပါဘူး။ ဒါကိုလည်း လူတိုင်းနီးပါး သိပါတယ်။

Linux က အကုန်လုံးအဆင်ပြေမှာလားဆိုတော့လည်း အကုန်လုံးရယ်လို့တော့ အသေအချာမဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ Windows မှာထက်ပိုကောင်းမှာပါ။

ကဲ ... ဒါဆိုရင် စာဖတ်သူတို့ရော Linux ပြောင်းသုံးကြည့်ဖို့ အချိန်ကျနေပြီလားဗျာ။

အခုဖော်ပြအပ်သော Linux နှင့် သက်ဆိုင်သော Post များသည် End User များအတွက်သာဆိုလိုပါသည်။ Professional များ (အထူးသဖြင့် မာတီမီဒီယာ) အတွက်မဟုတ်ပါ။

Ubuntu 11.10 ဘယ်လိုတင်မလည်း ဒီမှာ ဖတ်ပါ။

source: techrepublic